Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သံဖြူဇရပ်မြို့ နယ်တွင် တန်ချိန်တစ်သောင်းကျော်ထုတ်လုပ်နိုင်မည့် ဆားစက်ရုံတည်ထောင်ရန်စီစဉ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ပငကျေးရွာတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ တစ်နှစ်လျှင် တန်ချိန်တစ်သောင်းခွဲဝန်းကျင်အထိ ထုတ်လုပ်နိုင်သည့် Refine Salf အဆင့် ဆားစက်ရုံတည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း မွန်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ဆားလုပ်ငန်းဌာနခွဲ ဆားလုပ်ငန်းရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုး၏ ပြောကြားချက်အရ သိရပါတယ်။

 

အဆိုပါစက်ရုံမှ ပြည်တွင်းတွင် သုံးသည့် Refine Salt အဆင့်ဆားများ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ယင်းဆားစက်ရုံတည်ထောင်နိုင်ရန် မြန်မာပြည်ဟိန်းမွန်အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့သို့ အကြံပြုစာ တင်ထားပြီးဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဆားထုတ်လုပ်သည့် ရာသီချိန်အမီ ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရပါတယ်။

 

မွန်ပြည်နယ်တွင် ယခုဖွင့်လှစ်ရန် စီစဉ်နေသည့် ဆားထုတ်လုပ်သော စက်ရုံသည် ဒုတိယမြောက်ဖြစ်ပြီး မော်လမြိုင်မြို့ နယ်တွင် တစ်နှစ်လျှင် တန်ချိန် ၁၅၀ မှ ၂၀၀ ၀န်းကျင်ထုတ်လုပ်နိုင်သည့် မြ ပေါင်းဆား စက်ရုံကို ပြီးခဲ့သည့် သုံးနှစ်ခန့်ကပင် လည်ပတ်နေကြောင်း သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် ဆားထုတ်လုပ်မှုတစ်နှစ်လျှင် မက်ထရစ်တန်ချိန် နှစ်သိန်းဝန်းကျင်ရှိကာ ပြည်တွင်းတွင် အိမ်သုံးဆားသုံးစွဲမှုမှာ တစ်နှစ်လျှင် မက်ထရစ်တန်ချိန် တစ်သိန်းခွဲဝန်းကျင်အထိရှိကြောင်း သိရပါတယ်။

 

Read More >>>>>    ဦးနှောက်မပျက်စီးအောင် အစပ်ရှောင်ကြပါစို့

 

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ အိုင်အိုဒင်းဆားထုတ်ုလပ်သည့် ကြိတ်စက်များမှ မက်ထရစ်တန်ချိန် တစ်သိန်းခွဲခန့် ထုတ်လုပ်ရောင်းချလျက်ရှိပြီး အိုင်အိုဒင်းဆားထုတ်လုပ်သည့် ကြိတ်စက်များမှ အိမ်သုံးအိုင်အိုဒင်းဆား တန်ချိန်တစ်သိန်းခွဲခန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရပါတယ်။


Source: Myawady

Read times Last modified on Monday, 05 August 2019 11:28
Rate this item
(1 Vote)