Food & Livestock
Stay Home အစီအစဥ်အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို အလုပ်ပြန်ဆင်းခွင့်ပြု
Stay Home အစီအစဥ်အကျုံးဝင်သော မြို့နယ်များရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများကို အောက်တိုဘာ ၂၂ ရက်မှစတင်ပြီး အလုပ်ပြန်ဆင်းခွင့်ပြုကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက် ရက်စွဲဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၁၃၄ /၂၀၂၀
၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ spel (Coronavirus Disease 2019 - COVID-19) LovEmzusen:98c&tmp: sanj နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြု လူနာများနှင့်လည်း ထိတွေ့ခြင်းမရှိသည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ၂၀-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့် ကြေညာခဲ့ပါသည်။
၂။ အဆိုပါကြေညာချက်တွင် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)ဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀၂၀၂၀ ရက်အထိလည်းကောင်း၊ ၅-၁၀-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၃/၂၀၂၀ ဖြင့် ၈-၁၀-၂၀၂၀ ရက်မှ ၂၁-၁၀-၂၀၂၀ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ထပ်မံထုတ်ပြန်ကြေညာခဲ့ ပါသည်။
၃။ ၎င်းအပြင် ၂၅-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၀/၂၀၂၀ ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မွန်ပြည်နယ်မှ မော်လမြိုင်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ ပဲခူး တိုင်းဒေသကြီးမှ ကဝမြို့နယ်၊ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင် ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပါသည်။
၄။ သို့ရာတွင် ၁၀-၁၀-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၂၄/၂၀၂၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး coVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း တွေ့ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ် ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ Coronavirus Disease 2019 (covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
၅။ ယခုအခါ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ သတ်မှတ်သည့် ညွှန်ကြားချက်များကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများအနေဖြင့် လိုက်နာအကောင်အထည်ဖော်လျက်ရှိပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ ထားသည့် မြို့နယ်များမှ စိစစ်လုပ်ကိုင်ခွင့်ပြုထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် တာဝန် ထမ်းဆောင်ရန် သွားရောက်သူများအား ၂၂-၁၀-၂၀၂၀ ရက်နေ့မှစ၍ လုပ်ငန်းခွင်သို့ သွားရောက်ခွင့်ပြု ကြောင်း ကြေညာလိုက်သည်။
ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး
စာအမှတ်၊ ၁မဆ(ဆ)၂၀၂၀/၁၉၀၇၆
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၂၅)ရက်



