Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတကာအဆင့်မီ ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် မွေးမြူရေးဇုန်သုံးခု တည်ဆောက်ရန်အတွက် ကွမ်းခြံကုန်း၊ ခရမ်းနှင့် သုံးခွမြို့များတွင် မြေနေရာ ရှာဖွေ

ပြည်ပသို့ နိုင်ငံတကာအဆင့်မီ တင်ပို့ရောင်းချနိုင်သော ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် မွေးမြူရေး ဇုန်သုံးခု

တည်ထောင်နိုင်ရန်အတွက် လုပ်ငန်းရှင်များက ကွမ်းခြံကုန်း၊ ခရမ်းနှင့် သုံးခွမြို့နယ် သုံးခု အတွင်း မြေနေရာများ ရှာဖွေနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

“အဲဒါတွေကတော့ လုပ်ငန်းရှင်တွေ လျာထားတဲ့ ကွမ်းခြံကုန်း၊ သုံးခွ၊ ခရမ်း မြို့နယ်တို့တွင် ရှာနေတုန်းပဲ ရှိပါ သေးတယ်။ လုပ်မည့်နေရာတွေကို မသတ်မှတ်ရသေးပါဘူး။ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ အဲဒီနေရာတွေတော့ ရှာနေပါတယ်။ မြေရမှ ရမှာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ပြည်ပသို့ နိုင်ငံတကာအဆင့်မီ တင်ပို့ရောင်းချနိုင်သော ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် မွေးမြူရေးဇုန် သုံးခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် တည်ဆောက်သွားရန် စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် အဆိုပါ မွေးမြူရေးဇုန်သုံးခုအတွက် မြေဧက တစ်သောင်းကို စီမံကိန်းဧရိယာအဖြစ် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

ယင်း မွေးမြူရေးဇုန်မှ ထွက်ရှိလာမည့် ငါး၊ ပုစွန် ကုန်ချောပစ္စည်းများကို ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် ခေတ်မီထုပ်ပိုးနိုင်သော စက်များ၊ ကြာရှည်သိုလှောင်နိုင်သော အအေးခန်းများကိုပါ ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရပါတယ်။

 

ယင်းမွေးမြူရေးဇုန်၌ နိုင်ငံခြားသားလုပ်ငန်းရှင်များကို ၀င်ရောက်လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်သော်လည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း သိရပါတယ်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း ပြည်တွင်းရှိ ငါး၊ ပုစွန်စသည့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် အတွက် ချေးငွေများ ထုတ်ချေးပေးရန် စီစဉ်လျက်ရှိကြောင်း ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် စီးပွားလုပ်ငန်းရှင်များ (၁၁) ကြိမ်မြောက် တွေ့ဆုံပွဲ၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားကြောင်း သိရပါတယ်။

 

“နိုင်ငံခြားကိုပို့တဲ့အခါ လွတ်လွတ်လပ်လပ်နဲ့ ပြည်ပတင်ပို့ ခွင့်ပြုထားပါတယ်။ အဲဒီလိုပို့တဲ့အခါ မွေးမြူရေးလုပ်ငန်း တွေက ပြည်ပကို ပို့ပြီဆိုရင် သတ်မှတ်ပမာဏကို ပြည့်မီအောင် မွေးမြူရေးကို မီအောင်မွေးနိုင်မှ အဆင်ပြေမှာဖြစ်တဲ့အတွက် မွေးမြူရေးလုပ်ငန်းတွေမှာ ရန်ပုံငွေတွေ ပိုပြီးပြည့်စုံအောင်ဆိုပြီး ချေးငွေထုတ်ချေးဖို့ အစီအစဉ်ရှိပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ငါး၊ ပုစွန်အပါအ၀င် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုရရှိသည့် ၀င်ငွေသည် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၅၀ နှင့် ၇၀၀ ကြား ရရှိနေခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့် လက်ရှိဘဏ္ဍာနှစ် ကိုးလခန့်အတွင်း ရေထွက်ကုန်ပစ္စည်းတင်ပို့မှုသည် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၇၆ သန်းခန့် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရပါတယ်။

 

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ငါး၊ ပုစွန်အပါအ၀င် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုစွန်အပါအ၀င် ရေထွက်ကုန်ပစ္စည်းတင်ပို့နေသည့် ပမာဏမှာ အိမ်နီးချင်းနိုင်ငံများ၏ တင်ပို့မှု ပမာဏကို မီရန် အဆပေါင်းများစွာ လိုအပ်နေကြောင်း သိရပါတယ်။

 

ထို့ကြောင့် တင်ပို့မှုပမာဏကို မြှင့်တင်ရာတွင် သဘာဝ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ပြီး တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

Source: Eleven

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)