Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါး၊ ပုစွန် အအေးခန်းစက်ရုံများကို ဆော်ဒီစစ်ဆေးရေးအဖွဲ့ လာရောက်စစ်ဆေးမည်

 မြန်မာနိုင်ငံမှ ငါး၊ ပုစွန် ရေထွက်ပစ္စည်းစက်ရုံတွေကို ကျန်းမာရေးနဲ့ သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိမရှိကို

ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန၊ FDA အဖွဲ့နဲ့ ငါးမွေးမြူရေးလုပ်ငန်း အသင်းအဖွဲ့တို့မှ စစ်ဆေးရေးအဖွဲ့ လာရောက် စစ်ဆေးမှာဖြစ်တယ်လို့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

 

ဆော်ဒီအာရေဗျနိုင်ငံက ငါးလုပ်ငန်းဆိုင်ရာ စစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ငါး၊ ပုစွန် ရေထွက်ပစ္စည်း တင်ပို့နေတဲ့ စက်ရုံပေါင်း ၂၄ ရုံကို သွားရောက်စစ်ဆေးခဲ့ရာမှာ စက်ရုံ ၉ ရုံသာ သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိတာကြောင့် အခြားငါးတင်သွင်းတဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေက ငါး၊ ပုစွန် တင်သွင်းတာကိုပါ အခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံက ငါးတင်သွင်းမှုကို ယာယီရပ်ဆိုင်းထားတာနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ပေးဖို့ အတွက် ဆော်ဒီအစိုးရထံ မတ်လ တတိယပတ်က စာပို့အကြောင်းကြားထားရာ အဖွဲ့စေလွှတ်ပြီး လာရောက် စစ်ဆေးပေးမယ်လို့ ပြန်လည်အကြောင်းကြားလာတာကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

 

“အဖွဲ့ကို ဘယ်တော့လွှတ်ပေးမယ်ဆိုတာတော့ အတိအကျ မပြောသေးဘူး။ သူတို့ဘက်က လာစစ်ပေးမယ်ဆိုပြီး ၂ နိုင်ငံ ညှိထားပြီးသွားပြီ။ လာစစ်ရင်လည်း တရားဝင် အကြောင်းကြားပြီးမှ လာစစ်ရမှာပါ။ သူတို့နိုင်ငံက ငါးအများဆုံးသွင်းတာဆိုတော့ သူ့ဆီသွင်းတဲ့ သံသယရှိတယ်ထင်တဲ့ ကုမ္ပဏီတွေကို စစ်မှာပေါ့” လို့ ၎င်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့ပါတယ်။

 

ဆော်ဒီအာရေဗျနိုင်ငံမှ စစ်ဆေးရေးအဖွဲ့ မြန်မာနိုင်ငံကို လာရောက်စစ်ဆေးပြီးပါက ငါးတင်ပို့ခွင့် ပြန်လည်ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်တွေက သုံးသပ်နေကြောင်း သိရပါတယ်။

 

“ဆော်ဒီဘက်က လာစစ်မယ်လို့တော့ ပြောထားတယ်။ အစစ်ခံဖို့အတွက် ဒီဘက်က အဆင်သင့်လုပ်ထားတယ်။ ရေထွက်ပစ္စည်း အအေးခန်းတွေအနေနဲ့ သူတို့လိုချင်တဲ့ အစားအစာ ဘေးကင်းလုံခြုံမှု ရှိမရှိကို စစ်မှာပေါ့။ သူတို့ဘက်က လာစစ်လိုက်ရင်တော့ အဆင်ပြေသွားမယ် ထင်ပါတယ်” လို့ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ ဆော်ဒီနိုင်ငံကို မွေးမြူရေးငါးဖြစ်တဲ့ ငါးမြစ်ချင်းကို အများဆုံးတင်ပို့နေတာဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၄၀ ဖိုးအထိ တိုက်ရိုက်တင်ပို့မှုတွေရှိတယ်လို့ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းထံမှ သိရပါတယ်။

 

Source: Voice

Read times Last modified on Tuesday, 18 September 2018 13:33
Rate this item
(3 votes)