Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိန်တစ်လုံး သရက်သီးအနှစ်နှင့် အေးခဲသရက်သီး အတုံးများကို မလေးရှားနိုင်ငံသို့ စတင် တင်ပို့ရန် စီစဉ်

Unicode

 

စိန်တစ်လုံး သရက်သီးအနှစ်နှင့် အေးခဲသရက်သီး အတုံးများကို မလေးရှားနိုင်ငံသို့ စတင် တင်ပို့ရန် စီစဉ်


လာမည့်နှစ်  သရက်သီးရာသီတွင် စိန်တစ်လုံး သရက်သီးအနှစ်နှင့်   အေးခဲ သရက်သီး အတုံးများကို မလေးရှားနိုင်ငံသို့ စတင်တင်ပို့ရန် စီစဉ်ထားကြောင်း သဇင်နွယ် သရက်ခြံပိုင်ရှင်    ဒေါ်သန်းသန်းဆွေ၏ ပြောကြားချက်အရ သိရပါတယ်။

 

မြန်မာနိုင်ငံမှ ထွက်ရှိသည့်   စိန်တစ်လုံး သရက်သီးအနှစ်နှင့်   အေးခဲသရက်သီး အတုံးများကို ပြီးခဲ့သည့် အောက်တိုဘာလက  မလေးရှားနိုင်ငံသို့ ကီလို ၃၃၀ ကို လေကြောင်းမှ စမ်းသပ်တင်ပို့ရာ  ပျက်စီးမှုမရှိဘဲ အောင်မြင်သဖြင့်  ထပ်မံတင်ပို့ရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရပါတယ်။

 

“စမ်းသပ်တင်ပို့တာ    အောင်မြင်တဲ့အတွက် လေကြောင်းနဲ့ပဲ ဆက်ပြီးတင်ပို့မယ်။  စပို့တဲ့အချိန် တစ်တန်ချင်းစီ ပို့မယ်။ တင်ပို့ရတာ များလာရင် ကွန်တိန်နာနဲ့ ပို့ဖို့ စီစဉ်ထားတယ်။အခုတင်ပို့ဖို့ သဘောတူ ထားတာက စိန်တစ်လုံး သရက်သီးအမျိုးအစားပါ။ ဆက်ပြီးတော့ တခြားသရက်သီး အမျိုးအစားတွေကိုလည်း တင်ပို့နိုင်ဖို့ကြိုးစားမယ်” ဟု ဒေါ်သန်းသန်းဆွေ ကပြောကြားခဲ့ပါတယ်။

 

ယခင်က   ပြည်ပသို့   အရည်အသွေး ကောင်းမွန်သည့် ပထမတန်းစား သရက်သီးများကိုသာ တင်ပို့နိုင်ခဲ့သော်လည်း  ယခုကဲ့သို့  သရက်သီးကို  တန်ဖိုးမြှင့်ထုတ်ကုန် အနေဖြင့်   မလေးရှားနိုင်ငံသို့ တင်ပို့ခြင်း သည် ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  ဆန္ကြဲ ျပည္ပသို႕ သေဘၤာတင္ရိွေသာေၾကာင့္ ဘုရင့္ေနာင္ ကုန္စည္ဒိုင္သို႕အ၀င္နည္း

 

 

မလေးရှားနိုင်ငံသို့    သရက်သီးအလုံးလိုက် တင်ပို့မည့်အပြင် သရက်သီးတန်ဖိုး မြှင့် ထုတ်ကုန်များဖြစ်သည့်   သရက်သီး အမျှင်ခြောက်၊  သရက်သီး ရေခဲချောင်း စသည့် Value Add ထုတ်ကုန်များကိုလည်း တင်ပို့မည်ဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံမှ ထွက်ရှိသည့်   အရည်အသွေးပြည့်ဝသော  ဒုတိယတန်းစားနှင့် တတိယတန်းစား သရက်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍  ပြည်ပနိုင်ငံတို့သို့ တင်ပို့နိုင်ပါက  သရက်စိုက် တောင်သူများအတွက်  ပိုမိုအကျိုးရှိနိုင်ကြောင်း သိရပါတယ်။

 

# Myanmar Food Industry Directory

Source: Myawaddy

 

 

 

 

စိန္တစ္လုံး သရက္သီးအႏွစ္ႏွင့္ ေအးခဲသရက္သီး အတုံးမ်ားကို မေလးရွားႏိုင္ငံသို႕ စတင္ တင္ပို႕ရန္ စီစဥ္

 

လာမည့္ႏွစ္  သရက္သီးရာသီတြင္ စိန္တစ္လုံး သရက္သီးအႏွစ္ႏွင့္   ေအးခဲ သရက္သီး အတုံးမ်ားကို မေလးရွားႏိုင္ငံသို႔ စတင္တင္ပို႔ရန္ စီစဥ္ထားေၾကာင္း သဇင္ႏြယ္ သရက္ၿခံပိုင္ရွင္    ေဒၚသန္းသန္းေဆြ၏ ေျပာၾကားခ်က္အရ သိရပါတယ္။

 

ျမန္မာႏိုင္ငံမွ ထြက္ရွိသည့္   စိန္တစ္လုံး သရက္သီးအႏွစ္ႏွင့္   ေအးခဲသရက္သီး အတုံးမ်ားကို ၿပီးခဲ့သည့္ ေအာက္တိုဘာလက  မေလးရွားႏိုင္ငံသို႔ ကီလို ၃၃၀ ကို ေလေၾကာင္းမွ စမ္းသပ္တင္ပို႔ရာ  ပ်က္စီးမႈမရွိဘဲ ေအာင္ျမင္သျဖင့္  ထပ္မံတင္ပို႔ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

 

“စမ္းသပ္တင္ပို႔တာ    ေအာင္ျမင္တဲ့အတြက္ ေလေၾကာင္းနဲ႔ပဲ ဆက္ၿပီးတင္ပို႔မယ္။  စပို႔တဲ့အခ်ိန္ တစ္တန္ခ်င္းစီ ပို႔မယ္။ တင္ပို႔ရတာ မ်ားလာရင္ ကြန္တိန္နာနဲ႔ ပို႔ဖို႔ စီစဥ္ထားတယ္။အခုတင္ပို႔ဖို႔ သေဘာတူ ထားတာက စိန္တစ္လံုး သရက္သီးအမ်ဳိးအစားပါ။ ဆက္ၿပီးေတာ့ တျခားသရက္သီး အမ်ဳိးအစားေတြကိုလည္း တင္ပို႔ႏိုင္ဖို႔ႀကိဳးစားမယ္” ဟု ေဒၚသန္းသန္းေဆြ ကေျပာၾကားခဲ့ပါတယ္။

 

ယခင္က   ျပည္ပသို႔   အရည္အေသြး ေကာင္းမြန္သည့္ ပထမတန္းစား သရက္သီးမ်ားကိုသာ တင္ပို႔ႏိုင္ခ့ဲေသာ္လည္း  ယခုကဲ့သို႔  သရက္သီးကို  တန္ဖိုးျမႇင့္ထုတ္ကုန္ အေနျဖင့္   မေလးရွားႏိုင္ငံသို႔ တင္ပို႔ျခင္း သည္ ပထမဆံုးျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  ဆန္ကြဲ ျပည္ပသို႕ သေဘၤာတင္ရိွေသာေၾကာင့္ ဘုရင့္ေနာင္ ကုန္စည္ဒိုင္သို႕အ၀င္နည္း

 

မေလးရွားႏိုင္ငံသုိ႔    သရက္သီးအလုံးလိုက္ တင္ပို႔မည့္အျပင္ သရက္သီးတန္ဖိုး ျမႇင့္ ထုတ္ကုန္မ်ားျဖစ္သည့္   သရက္သီး အမွ်င္ေျခာက္၊  သရက္သီး ေရခဲေခ်ာင္း စသည့္ Value Add ထုတ္ကုန္မ်ားကိုလည္း တင္ပို႔မည္ျဖစ္ေၾကာင္း သိရပါတယ္။

 

ျမန္မာႏိုင္ငံမွ ထြက္ရွိသည့္   အရည္အေသြးျပည့္၀ေသာ  ဒုတိယတန္းစားႏွင့္ တတိယတန္းစား သရက္သီးမ်ားကို တန္ဖိုးျမႇင့္ထုတ္ကုန္အျဖစ္ ထုတ္လုပ္၍  ျပည္ပႏိုင္ငံတုိ႔သို႔ တင္ပို႔ႏိုင္ပါက  သရက္စိုက္ ေတာင္သူမ်ားအတြက္  ပိုမိုအက်ဳိးရွိႏိုင္ေၾကာင္း သိရပါတယ္။

 

# Myanmar Food Industry Directory

 

Source: Myawaddy

Read times Last modified on Wednesday, 05 February 2020 17:47
Rate this item
(0 votes)