Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဝယ်လက်နည်း၍ စပျစ်သီးအထွက်နှုန်းကျသော်လည်း ယခင်နှစ်ကထက် ဈေးနှုန်းကျဆင်း

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မိုးရွာသွန်းမှုကြောင့်

စပျစ်သီးအထွက်နှုန်းကျပြီး ရန်ကုန်ဝယ်လက်နည်းပါးသဖြင့် ယမန်နှစ်ကထက် ဈေးနှုန်းကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းတိုက်နယ် သဲကျွန်းအုပ်စု ဆည်ထိပ်ရွာရှိ စပျစ်သီးစိုက်ပျိုးသူ ထံမှ သိရပါတယ်။

 

ရာသီဥတုက မိုးများထားတဲ့အတွက် အပျက်အစီးများပြီး အထွက်နှုန်းနည်းပါတယ်။ ဈေးကလည်း မနှစ်ကထက် ကျဆင်းနေပြီး ဈေးနှုန်းတွေကျတာက ရန်ကုန်က ၀ယ်လက်နည်းနေလို့ဟု သိရပါတယ်။

 

လက်ရှိတွင် မကွေး၊ လားရှိုးစသည့် နယ်မြို့များမှ ၀ယ်ယူမှုများရှိနေပြီး ၀ိုင်စပျစ်ဈေးနှုန်းမှာ ပုံမှန်အတိုင်းသာ ရှိကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံရှိ စပျစ်သီးဈေးကွက်တွင် ပြည်တွင် စပျစ်သီးနှင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းသည့် စပျစ်သီးဟူ၍ ရှိပြီး မြန်မာနိုင်ငံတွင် အများဆုံး စိုက်ပျိုးသော စပျစ်သီးမျိုးများတွင် နံပါတ် ၃ ၄၀ ရာခိုင်နှုန်း Black Queen ၄၀ ရာခိုင်နှုန်း၊ Big Black, ရွှေနီ၊ ကာဒိနန်နှင့် တခြား စပျစ် ၂၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးကြကာ လက်ရှိတွင် စပျစ်စိုက်ဧက ၅၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(0 votes)