Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့

Unicode >>>>>

အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သည် ညီနောင်အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီတို့နှင့် ပူးပေါင်း၍ ယနေ့ မတ်လ (၃၁) ရက်နေ့ ညနေပိုင်းတွင် ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေးရုံးနှင့် မီးသတ်တပ်ဖွဲ့စခန်းရှေ့ တို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ ပြည်သူများထံသို့ ရောင်းချပေးခဲ့ပါသည်။


Cold Storage အအေးခန်းသိုလှောင်နိုင်သည့်လုပ်ငန်းများ (၆၁) ခုကိုရှာရန်နှိပ်ပါ။


ယနေ့ရောင်းချ‌ပေးရာတွင် ဆန် (၅)ပြည် ထည့်ထားသော အိတ်ရေ စုစုပေါင်း ၇၀၀ ၊ ဆား အထုပ်ရေ စုစုပေါင်း ၁၁၀၀၊ ဆီဘူး အကြီး၊ အသေး စုစုပေါင်း ၃၀၀၀ ခန့်တို့ကို ဆန်တစ်ပြည်လျှင် ၁၀၀၀ ကျပ်၊ ဆားတစ်ထုတ်လျှင် ၁၀၀ ကျပ် ၊ ဆီတစ်ဘူးလျှင် အနည်းဆုံး ၈၀၀ ကျပ်မှ ၆၀၀၀ ကျပ်ဖြင့်အသီးသီး ရောင်းချပေးခဲ့သည်။


ရောင်းချပေးခဲ့သည့်ဆန်အမျိုးအစားမှာ ရက် ၉၀ ဆန်ဖြစ်ပြီး ဆီအမျိုးအစားများမှာ ရာသက်ပန်နေကြာဆီ ၊ စားသုံးဆီ၊ Mitra နေကြာဆီ ၊ Dyanas နေကြာဆီ၊ Goody နေကြာဆီနှင့် Goody ဟင်းသီးဟင်းရွက်ဆီစသည်တို့ဖြစ်သည်။


ထိုကဲ့သို့ ရောင်းချပေးရာတွင် လာရောက်ဝယ်ယူသည့် ပြည်သူများ ကို COVID -19 ရောဂါ ကူးစက်မည့် အန္တရာယ်မှကင်းစေရန်အတွက် လည်း တစ်ဦးချင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ ၃ ပေအကွာမှ တန်းစီ ဝယ်ယူစေခြင်းတို့ဖြင့် စနစ်တကျဆောင်ရွက်ပေးခဲ့သည်။


Read More >>>>>  စားသုံးဆီများ အလွန်အကျွံ မဝယ်သင့်


လတ်တလော COVID-19 အရေးကြောင့် ရွှေလင်ဗန်းစက်မှုဇုန်ရှိပြည်သူများထံ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ဆားများကို ဈေးကွက်အတွင်း ပြတ်လပ်ခြင်း မရှိစေရန်နှင့် ဈေးနှုန်း ကြီးမြင့်ခြင်းမရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်၍ သက်သာသော နှုန်းထားဖြင့် ယခုကဲ့သို့ လိုက်လံရောင်းချပေးခဲ့ခြင်းဖြစ်သည်။


#MFID

#UMFCCI

 

Home Page Food

COVID 19

 

Zawgyi >>>>>

 

အေျခခံစားေသာက္ကုန္မ်ားကို သက္သာေသာႏႈန္းထားျဖင့္ ေရာင္းခ်ေပးခဲ့


ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) သည္ ညီေနာင္အသင္းမ်ားျဖစ္ၾကသည့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္း၊ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံစက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း၊ ေ႐ႊလင္ဗန္းစက္မႈဇုန္စီမံခန႔္ခြဲေရး ေကာ္မတီတို႔ႏွင့္ ပူးေပါင္း၍ ယေန႔ မတ္လ (၃၁) ရက္ေန႔ ညေနပိုင္းတြင္ ေ႐ႊလင္ဗန္းစက္မႈဇုန္ စီမံခန႔္ခြဲေရး႐ုံးႏွင့္ မီးသတ္တပ္ဖြဲ႕စခန္းေရွ႕ တို႔တြင္ အေျခခံစားေသာက္ကုန္မ်ားကို သက္သာေသာ ႏႈန္းထားျဖင့္ ေ႐ႊလင္ဗန္းစက္မႈဇုန္အတြင္းရွိ ျပည္သူမ်ားထံသို႔ ေရာင္းခ်ေပးခဲ့ပါသည္။

 

Cold Storage အေအးခန္းသိုုေလွာင္ႏုုိင္သည့္လုုပ္ငန္းမ်ား (၆၁) ခုကိုရွာရန္ႏွိပ္ပါ။

 

ယေန႔ေရာင္းခ်‌ေပးရာတြင္ ဆန္ (၅)ျပည္ ထည့္ထားေသာ အိတ္ေရ စုစုေပါင္း ၇၀၀ ၊ ဆား အထုပ္ေရ စုစုေပါင္း ၁၁၀၀၊ ဆီဘူး အႀကီး၊ အေသး စုစုေပါင္း ၃၀၀၀ ခန႔္တို႔ကို ဆန္တစ္ျပည္လွ်င္ ၁၀၀၀ က်ပ္၊ ဆားတစ္ထုတ္လွ်င္ ၁၀၀ က်ပ္ ၊ ဆီတစ္ဘူးလွ်င္ အနည္းဆုံး ၈၀၀ က်ပ္မွ ၆၀၀၀ က်ပ္ျဖင့္အသီးသီး ေရာင္းခ်ေပးခဲ့သည္။

 

ေရာင္းခ်ေပးခဲ့သည့္ဆန္အမ်ိဳးအစားမွာ ရက္ ၉၀ ဆန္ျဖစ္ၿပီး ဆီအမ်ိဳးအစားမ်ားမွာ ရာသက္ပန္ေနၾကာဆီ ၊ စားသုံးဆီ၊ Mitra ေနၾကာဆီ ၊ Dyanas ေနၾကာဆီ၊ Goody ေနၾကာဆီႏွင့္ Goody ဟင္းသီးဟင္း႐ြက္ဆီစသည္တို႔ျဖစ္သည္။

 

ထိုကဲ့သို႔ ေရာင္းခ်ေပးရာတြင္ လာေရာက္၀ယ္ယူသည့္ ျပည္သူမ်ား ကို COVID -19 ေရာဂါ ကူးစက္မည့္ အႏၲရာယ္မွကင္းေစရန္အတြက္ လည္း တစ္ဦးခ်င္း ကိုယ္အပူခ်ိန္တိုင္းတာေပးျခင္း၊ လက္သန႔္ေဆးရည္ျဖင့္ သန႔္စင္ေစျခင္း၊ ၃ ေပအကြာမွ တန္းစီ ၀ယ္ယူေစျခင္းတို႔ျဖင့္ စနစ္တက်ေဆာင္႐ြက္ေပးခဲ့သည္။

 

Read More >>>>>  စားသံုးဆီမ်ား အလြန္အကၽြံ မ၀ယ္သင့္

 

လတ္တေလာ COVID-19 အေရးေၾကာင့္ ေ႐ႊလင္ဗန္းစက္မႈဇုန္ရွိျပည္သူမ်ားထံ အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီႏွင့္ ဆားမ်ားကို ေဈးကြက္အတြင္း ျပတ္လပ္ျခင္း မရွိေစရန္ႏွင့္ ေဈးႏႈန္း ႀကီးျမင့္ျခင္းမရွိေစရန္အတြက္ ညႇိႏႈိင္းထိန္းသိမ္းရန္ ရည္႐ြယ္၍ သက္သာေသာ ႏႈန္းထားျဖင့္ ယခုကဲ့သို႔ လိုက္လံေရာင္းခ်ေပးခဲ့ျခင္းျဖစ္သည္။

 

#MFID

#UMFCCI

Read times
Rate this item
(0 votes)