Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကောက်ပဲသီးနှံဈေးနှုန်းများ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ရောက်ရှိပါက နိုင်ငံတော်မှ ဝယ်ယူသွားမည်

တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးဥပဒေအရ ကောက်ပဲသီးနှံဈေးနှုန်းများ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် ရောက်ရှိပါက နိုင်ငံတော်မှ ဝင်ရောက်ဝယ်ယူပေးသွားမှာဖြစ်ပြီး ကျပ် (၁၅) ဘီလီယံကို ယခုနှစ်အတွက် လျာထားကြောင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုပါတယ်။

 

သြဂုတ်လ (၂၇) ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အုတ်တွင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုရဲ့ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေတဲ့ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်မပျက်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ခိုင်မာရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ/မရှိနဲ့ စပ်လျဉ်းတဲ့ မေးခွန်းကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

Powdered Milk  နို့မှုန့်လုပ်ငန်းပေါင်း ၃၃ ခုကိုရှာရန်နှိပ်ပါ။

 

ဦးအောင်ထူးက " လယ်ယာထွက်ကုန်၊ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းထားရှိရပါတယ်။ ဒီလယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဟာဆိုရင် လယ်ယာထွက်ကုန်များ ဘယ်လောက် ထွက်ရှိတယ်။ တစ်ဧက ထုတ်လုပ်မှုကုန်ကျစရိတ် ဘယ်လောက်ရှိတယ်ဆိုတာကို အမြဲတမ်းလေ့လာသုံးသပ်နေပါတယ်။ အဲလို လေ့လာသုံးသပ်ပြီးတဲ့အခါကြတော့ အခြေခံဈေးနှုန်းသတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ကို ကျဆင်းမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုဝင်ရောက်ပြီးတော့မှ ဈေးကွက်မှာ အထောက်အကူပြုရမလဲဆိုတဲ့ အစီအစဉ်တွေကိုလည်း ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ အခြေခံဈေးနှုန်းရယ်၊ ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်ပါတယ်။ လက်ရှိ တောင်သူလယ်သမားအကျိုးစီးပွားကာကွယ်ရေး ဥပဒေအရ ကောက်ပဲသီးနှံတွေရဲ့ ဈေးနှုန်းဟာဆိုရင် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ကျဆင်းမှသာလျှင် နိုင်ငံတော်ကနေ ဝင်ရောက် စွက်ဖက်လို့ရတာဖြစ်ပါတယ်" လို့ဆိုပါတယ်။

 

Baking Powders မုန့်ဖုတ်ဆော်ဒါလုပ်ငန်းပေါင်း ၂၅ ခုရှာရန်နှိပ်ပါ။

 

၎င်းအတွက် နှစ်စဉ် လှည့်လည်ရန်ပုံငွေမှ ရန်ပုံငွေလျာထားကာ ကောက်ပဲသီးနှံဈေးနှုန်းများ ထုတ်လုပ်မှုစရိတ်အောက် ကျဆင်းပါက ၀ယ်ယူရန် စီစဉ်ထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လယ်ယာထုတ်ကုန်စီ မံခန့်ခွဲရေးအဖွဲ့ဝင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ဒါ့အပြင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာသုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီကို အစိုးရနဲ့ ပုဂ္ဂလိကဏ္ဍတို့ ပူးပေါင်းကာ ဖွဲ့စည်းထားပြီး ၎င်းကော်မတီအနေဖြင့် အခြေခံဈေးနှုန်းနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မည်မျှဖြစ်သင့်သည်ကို အကြံပြုတင်ပြသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

 
Read More >>>>>  ၂၀၂၀ တွင် ပို့ ကုန်အသစ်ငါးမျိုး တိုးချဲ့တင်ပို့မည်

 

၎င်းမှအကြံပြုချက်များကို အခြေခံကာ တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင်ရေးဦးဆောင်ကော်မတီအနေဖြင့် လိုအပ်တဲ့လမ်းညွှန်မှုများကို ဆောင်ရွက်ပေးသွားရန်လည်းရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

 

Source: BE NEWS

Read times Last modified on Friday, 30 August 2019 11:16
Rate this item
(0 votes)