Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဧရာဝတီတိုင်းအတွင်း တရုတ်နှစ်သစ်ကူးပွဲအပြီး ဆန်ဈေးနှုန်းများ မြင့်တက်လာပြီး တစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဈေးမြင့်တက်ကာ အခြေခံလူတန်းစားများ စားဝတ်နေရေးကျပ်တည်း

တရုတ်နှစ်သစ်ကူးပွဲတော်အပြီးတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဆန်ဈေးနှုန်းများ

ဆက်တိုက်မြင့်တက် လာခဲ့ပြီး မနောသုခကဲ့သို့သော ဆန်ကြမ်းအသစ်တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် ပေါ်ဆန်းကဲ့သို့သော ဆန်ချောအသစ်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ အနေဖြင့် ဆန်ဈေးကြီးမြင့်မှုနှင့် ရင်ဆိုင်လာရကာ စားဝတ်နေရေးကျပ်တည်းမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိက ဆန်စပါးဈေးကွက်တစ်ခုဖြစ်သည့် မြောင်းမြဆန်စပါးဈေးကွက် အတွင်း တရုတ်နှစ်ကူးရက်များမတိုင်မီ ဖေဖော်ဝါရီလဆန်းပိုင်းရက်များက မနောသုခကဲ့သို့သော ဆန်အမျိုးအစားများမှာ ၁၀၅ ပေါင်ပါ ဆန်သစ်တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ ခန့်သာ ရှိရာမှ ကျပ် ၂၅၀၀၀ ခန့် အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း မနောသုခကဲ့သို့ စပါးအမျိုးအစားများမှာ တင်း ၁၀၀ လျှင် ကျပ် ၅၈၀၀၀၀ ၀န်းကျင်မှ ၆၄၀၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းရောက်ရှိလာကြောင်း သိရပါတယ်။

 

ပြည်တွင်းစားသုံးသူများပြားသည့် ပေါ်ဆန်းဆန်ကဲ့သို့သော ဆန်အချောများမှာ ၁၀၈ ပေါင်ပါ ဆန်သစ်တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ၀န်းကျင်မှ ကျပ် ၄၀၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်း ပေါ်ဆန်းကဲ့သို့ စပါးအမျိုးအစားများမှာ တင်း ၁၀၀ လျှင် ကျပ် ၈၉၀၀၀၀ ခန့်မှ ကျပ် ၉၅၀၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းများ ရောက်ရှိလာကြောင်း သိရပါတယ်။

 

ဆန်ကွဲ ဈေးနှုန်းများမှာလည်း ၁၀၅ ပေါင်ပါ ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းများ မြင့်တက်လျှက်ရှိပြီး ဈေးကွက်အတွင်း စပါးအ၀င်များမရှိသလောက် နည်းပါးနေခဲ့ကာ ကုန်ကြမ်းပစ္စည်းနည်းပါး နေခြင်းကြောင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းနေကြလျက်ရှိကြောင်း ဆန်လုပ်ငန်းရှင် များထံမှ သိရပါတယ်။

 

Source: Daily Eleven

 

Unicode ဖြင့်ဖတ်ရန်
ဧရာဝတီတိုင်းအတွင်း တရုတ်နှစ်သစ်ကူးပွဲအပြီး ဆန်စျေးနှုန်းများ မြင့်တက်လာပြီး တစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ စျေးမြင့်တက်ကာ အခြေခံလူတန်းစားများ စားဝတ်နေရေးကျပ်တည်း
တရုတ်နှစ်သစ်ကူးပွဲတော်အပြီးတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ဆန်စျေးနှုန်းများ ဆက်တိုက်မြင့်တက် လာခဲ့ပြီး မနောသုခကဲ့သို့သော ဆန်ကြမ်းအသစ်တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် ပေါ်ဆန်းကဲ့သို့သော ဆန်ချောအသစ်တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့်အထိ စျေးနှုန်းများ မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ အနေဖြင့် ဆန်စျေးကြီးမြင့်မှုနှင့် ရင်ဆိုင်လာရကာ စားဝတ်နေရေးကျပ်တည်းမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိက ဆန်စပါးစျေးကွက်တစ်ခုဖြစ်သည့် မြောင်းမြဆန်စပါးစျေးကွက် အတွင်း တရုတ်နှစ်ကူးရက်များမတိုင်မီ ဖေဖော်ဝါရီလဆန်းပိုင်းရက်များက မနောသုခကဲ့သို့သော ဆန်အမျိုးအစားများမှာ ၁၀၅ ပေါင်ပါ ဆန်သစ်တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ ခန့်သာ ရှိရာမှ ကျပ် ၂၅၀၀၀ ခန့် အထိ စျေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း မနောသုခကဲ့သို့ စပါးအမျိုးအစားများမှာ တင်း ၁၀၀ လျှင် ကျပ် ၅၈၀၀၀၀ ၀န်းကျင်မှ ၆၄၀၀၀၀ ၀န်းကျင်အထိ စျေးနှုန်းရောက်ရှိလာကြောင်း သိရပါတယ်။
ပြည်တွင်းစားသုံးသူများပြားသည့် ပေါ်ဆန်းဆန်ကဲ့သို့သော ဆန်အချောများမှာ ၁၀၈ ပေါင်ပါ ဆန်သစ်တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ၀န်းကျင်မှ ကျပ် ၄၀၀၀၀ ၀န်းကျင်အထိ စျေးနှုန်းများမြင့်တက်လာခဲ့ကြောင်း ပေါ်ဆန်းကဲ့သို့ စပါးအမျိုးအစားများမှာ တင်း ၁၀၀ လျှင် ကျပ် ၈၉၀၀၀၀ ခန့်မှ ကျပ် ၉၅၀၀၀၀ ၀န်းကျင်အထိ စျေးနှုန်းများ ရောက်ရှိလာကြောင်း သိရပါတယ်။
ဆန်ကွဲ စျေးနှုန်းများမှာလည်း ၁၀၅ ပေါင်ပါ ဆန်ကွဲတစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ၀န်းကျင်အထိ စျေးနှုန်းများ မြင့်တက်လျှက်ရှိပြီး စျေးကွက်အတွင်း စပါးအဝင်များမရှိသလောက် နည်းပါးနေခဲ့ကာ ကုန်ကြမ်းပစ္စည်းနည်းပါး နေခြင်းကြောင့် စျေးနှုန်းများ ဆက်လက်မြင့်တက်လာမည်ဟု ခန့်မှန်းနေကြလျက်ရှိကြောင်း ဆန်လုပ်ငန်းရှင် များထံမှ သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:52
Rate this item
(1 Vote)