Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အုန္းသီးပြဲ႐ံုမ်ား ေစ်းကြက္က်ဆင္းေနတဲ့အတြက္ ခ်င့္ခ်ိန္၍ ကုန္မွာယူေနရေၾကာင္း

အုန္းသီးပြဲ႐ံုလုပ္္ငန္းမ်ားအေနျဖင့္ လက္ရွိတြင္ ေစ်းကြက္က်ဆင္းလ်က္ရွိရာ ထပ္မံ၀င္ေရာက္လာမည့္

ကုန္မ်ားအတြက္ ခ်င့္ခ်ိန္မွာယူၿပီး လုပ္ကိုင္ေနရေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္ ဗားကရာကုန္စည္ဒိုင္မွ သိရပါတယ္။

 

အုန္းသီးေစ်းကြက္အတြင္း ယခုႏွစ္ ႏွစ္္ဆန္းပိုင္းက အနည္းငယ္ အေရာင္းအ၀ယ္ေကာင္းေသာ္လည္း ယင္းကာလေနာက္ပိုင္းမွ ယခုအခ်ိန္အထိ ေစ်းကြက္က်ဆင္းေနရာ အေရာင္းအ၀ယ္နည္းပါးလာခဲ့ေၾကာင္း သိရပါတယ္။

 

ဒိုင္ေတြမွာအုန္းသီးေတြ အမ်ားႀကီးပံုေနရင္ ႐ံႈးတာပဲ။ ၾကာရင္ပုပ္သြားေတာ့ သံုးမရေတာ့ဘူး။ ကုန္သည္ေတြကေတာ့ မ်ားမ်ားပို႔ႏိုင္ေလ သူတို႔အတြက္ အက်ဳီးအျမတ္မ်ားမ်ား ရေလဆိုေတာ့ တင္ပို႔ၾကတယ္။ သို႔ေပမယ့္ ဒိုင္သမားေတြအတြက္က်ေတာ့ ကိုယ္ေရာင္းခ်ႏိုင္မယ့္အေျခအေနေတြေပၚ မူတည္ၿပီး ခ်ိန္ဆ ေနရ တယ္ဟု ဗားကရာကုန္စည္ဒိုင္ဥကၠ႒၏ ေျပာ ၾကားခ်က္အရ သိရပါတယ္။

 

ရန္ကုန္ၿမိဳ႕ ဗားကရာကုန္စည္ဒိုင္သို႔ ျမစ္၀ကၽြန္းေပၚေဒသမွ ထြက္ရွိသည့္ အုန္းသီးမ်ားတင္ပို႔ၾကေၾကာင္းႏွင့္ တင္ပို႔ထားသည့္ အုန္းသီးမ်ားကို ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ အထက္ပိုင္းေဒသမ်ားသို႔ ျပန္လည္ ျဖန္႔ျဖဴး ေရာင္းခ်ေနၾကေၾကာင္း သိရပါတယ္။

 

အုန္းသီးေစ်းကြက္တြင္ ဆြဲအုန္းမွာ ဒိုင္တြင္ ႏွစ္ရက္ သံုးရက္ထားသည့္အခါ ၾကြက္ၿမီးမ်ား ညိဳလာတတ္ေသာေၾကာင့္ အေရာင္းအ၀ယ္မျဖစ္ေတာ့ဘဲ အခြံခၽြတ္အုန္းအျဖစ္သာ အခြံခၽြတ္၍ ေရာင္းၾကရၿပီး တစ္လံုးလွ်င္ ဒိုင္ေစ်း ေငြက်ပ္ ၆၀၀ မွ ၆၅၀ ၾကားရွိသကဲ့သို႔ အခြံခၽြတ္အုန္းမွာ ေငြက်ပ္ ၃၀၀ မွ ၄၀၀ ၾကားရွိေၾကာင္း သိရပါတယ္။

Source: Myawaddy

 

Unicode ျဖင့္ဖတ္ရန္

အုန်းသီးပွဲရုံများ ဈေးကွက်ကျဆင်းနေတဲ့အတွက် ချင့်ချိန်၍ ကုန်မှာယူနေရကြောင်း

အုန်းသီးပွဲရုံလုပ််ငန်းများအနေဖြင့် လက်ရှိတွင် ဈေးကွက်ကျဆင်းလျက်ရှိရာ ထပ်မံ၀င်ရောက်လာမည့် ကုန်များအတွက် ချင့်ချိန်မှာယူပြီး လုပ်ကိုင်နေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင်မြို့နယ် ဗားကရာကုန်စည်ဒိုင်မှ သိရပါတယ်။
အုန်းသီးဈေးကွက်အတွင်း ယခုနှစ် နှစ််ဆန်းပိုင်းက အနည်းငယ် အရောင်းအ၀ယ်ကောင်းသော်လည်း ယင်းကာလနောက်ပိုင်းမှ ယခုအချိန်အထိ ဈေးကွက်ကျဆင်းနေရာ အရောင်းအ၀ယ်နည်းပါးလာခဲ့ကြောင်း သိရပါတယ်။
ဒိုင်တွေမှာအုန်းသီးတွေ အများကြီးပုံနေရင် ရှုံးတာပဲ။ ကြာရင်ပုပ်သွားတော့ သုံးမရတော့ဘူး။ ကုန်သည်တွေကတော့ များများပို့နိုင်လေ သူတို့အတွက် အကျီုးအမြတ်များများ ရလေဆိုတော့ တင်ပို့ကြတယ်။ သို့ပေမယ့် ဒိုင်သမားတွေအတွက်ကျတော့ ကိုယ်ရောင်းချနိုင်မယ့်အခြေအနေတွေပေါ် မူတည်ပြီး ချိန်ဆ နေရ တယ်ဟု ဗားကရာကုန်စည်ဒိုင်ဥက္ကဋ္ဌ၏ ပြော ကြားချက်အရ သိရပါတယ်။
ရန်ကုန်မြို့ ဗားကရာကုန်စည်ဒိုင်သို့ မြစ်၀ကျွန်းပေါ်ဒေသမှ ထွက်ရှိသည့် အုန်းသီးများတင်ပို့ကြကြောင်းနှင့် တင်ပို့ထားသည့် အုန်းသီးများကို မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ ပြန်လည် ဖြန့်ဖြူး ရောင်းချနေကြကြောင်း သိရပါတယ်။
အုန်းသီးဈေးကွက်တွင် ဆွဲအုန်းမှာ ဒိုင်တွင် နှစ်ရက် သုံးရက်ထားသည့်အခါ ကြွက်မြီးများ ညိုလာတတ်သောကြောင့် အရောင်းအ၀ယ်မဖြစ်တော့ဘဲ အခွံချွတ်အုန်းအဖြစ်သာ အခွံချွတ်၍ ရောင်းကြရပြီး တစ်လုံးလျှင် ဒိုင်ဈေး ငွေကျပ် ၆၀၀ မှ ၆၅၀ ကြားရှိသကဲ့သို့ အခွံချွတ်အုန်းမှာ ငွေကျပ် ၃၀၀ မှ ၄၀၀ ကြားရှိကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:57
Rate this item
(1 Vote)