Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နီပေါနိုင်ငံက ပဲအပါအဝင် လယ်ယာထွက်ကုန်များ ဝယ်ယူရန် ကမ်းလှမ်း

မြန်မာနိုင်ငံမှ ပဲအပါအဝင် လယ်ယာထွက်ကုန်များကို နီပေါနိုင်ငံက ဝယ်ယူရန် နီပေါနိုင်ငံ သံအမတ်ကြီးက

ကမ်းလှမ်းလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ထံမှ သိရပါတယ်။

 

''လယ်ယာထွက်ကုန်တွေ ဝယ်ချင်တယ်လို့ သံအမတ်ကြီးက လာဆွေးနွေးတဲ့ အချိန်မှာ ဦးတို့ဆီက နားလည်မှုစာချွန်လွှာ (MoU) မူကြမ်းပို့ထားပါတယ်။ နီပေါကို တရားဝင်ပို့ထားတာ ဖြစ်တဲ့အတွက် သူတို့ဘက်က ဒီမူ ကြမ်းပေါ်မှာ သုံးသပ်ပြီး ပြန်လာတာ မရှိသေးပါဘူး။ အခြေခံအနေနဲ့ လယ်ယာထွက်ကုန်တွေ ဝယ်မယ်လို့ ကမ်းလှမ်းတာပဲ ရှိသေးတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ထံမှ သိရပါတယ်။

 

ယခုအခါ ပဲအပါအဝင် မြန်မာ့လယ်ယာ ထွက်ကုန်များကို နီပေါနိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေး MoU လက်မှတ်ရေးထိုးရန် မူကြမ်းပေးပို့ထားပြီး  ဖြစ်ကြောင်း သိရပါတယ်။

 

Read more >>>>> https://www.foodindustrydirectory.com.mm/articles/item/796-export-and-import.html

 

နီပေါနိုင်ငံဟာ ဆန်စပါးနှင့် ပဲစိုက်ပျိုးသည့် နိုင်ငံဖြစ်သော်လည်း ကုန်းတွင်းပိတ် နိုင်ငံဖြစ်၍ စားနပ်ရိက္ခာ လုံလောက်မှုမရှိသဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်ပြီး ဝယ်ယူမည့်ပမာဏမှာ နည်းပါးသော်လည်း ဈေးကွက်တစ်ခုရရှိရန် တင်ပို့မည်ဖြစ်ကြောင်း သိရှိရပါတယ်။

 

''နီပေါကို လေယာဉ်နဲ့ တင်ပို့လို့ရမယ့် အနေအထားကိုပါ စဉ်းစားနေပါတယ်။ လောလောဆယ် လယ်ယာထွက်ကုန်တွေ အပေါ်မှာ ကောက်ခံတဲ့ အကောက်ခွန်က နည်းနည်းမြင့်နေတယ်။ အဲဒါတွေကိုလည်း နီပေါအစိုးရဘက်က လျှော့ပေးဖို့ အစီအစဉ်ရှိတယ်'' ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ထံမှ သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:28
Rate this item
(4 votes)