Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်အစားအစာနှင့် ဆေးဝါးဖြန့်ချိရေး စင်တာ ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန် ()လမ်း အမှတ် (၃၂၄/) တွင် Maxxcare  မှ ငွေကျပ် ၁၈ ဒသမ  ၈ ဘီလီယံ  ရင်းနှီးမြှုပ်နှံထားသော  ရန်ကုန်အစားအစာနှင့် ဆေးဝါးဖြန့်ချိရေး စင်တာဖွင့်ပွဲကို ကျင်းပ ခဲ့ပါတယ်။
 
' Maxxcare  အနေနဲ့  ၂ဝဝ၆  ခုနှစ်က  နိုင်ငံတကာ အသိအမှတ်ပြု  ISO 9001 လက်မှတ်ကိုရရှိပြီး  ပြည်တွင်းရဲ့ အစားအသောက်နဲ့ ဆေးဝါးတွေကို အဆင့်အတန်းမြင့်မြင့်  ထုတ်ဝေဖြန့်ချိ ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ISO 9001 2017 ကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်။

 

ဒီအတွက် FDA ရဲ့ စံချိန်စံနှုန်းတွေနဲ့လည်း ကိုက်ညီသွားပါတယ်။ ဒါကြောင့် Maxxcare  ကနေ   မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကောင်းဆုံး အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ပေးနိုင်မှာပါ'' ဟု မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ဇော် ကပြောကြားခဲ့ ပါတယ်။

 

ရန်ကုန်အစားအစာနှင့် ဆေးဝါးဖြန့်ချိရေး စင်တာဖွင့်ပွဲကို တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သိုလှောင်ရုံစင်တာကြီး အတွင်း လှည့်လည်ကြည့်ရှုကြပါတယ်။

 

 
ယင်းစင်တာသည် ၉ မီတာအမြင့်ရှိသော ခေတ်မီ ခြောက်ထပ်ပါသံစင်များဖြင့်  ကတ်ထူသေတ္တာ ၇ဝဝဝဝဝ ခန့်ကိုသိုလှောင်နိုင်ပြီး ဆေးဝါး ထုတ်ကုန်များကို လေအေးစက်တပ်ဆင်ခန်းတွင် သိုလှောင်ထားနိုင်မည်ဖြစ်ပြီး ၎င်းအပြင် စင်တီမီတာ ၂ ဒီဂရီမှ ၈ ဒီဂရီ ဆဲလ်စီးရပ်စ် အတွင်း တည်ငြိမ်သော အပူချိန်လိုအပ်သည့် ကာကွယ်ဆေး၊ အင်ဆူလင်နှင့် တခြားဆေးဝါး များအတွက်   အအေးခန်း သိုလှောင်ရုံများ  ပါဝင်ကြောင်း သိရပါတယ်။

 

Maxxcare စင်တာကို မင်္ဂလာဒုံစက်မှုဇုန် မြေ ၁၁ ဧက ကျော်၌ တည်ဆောက်ထားပြီး စတုရန်းပေ ၁၂ဝဝဝဝ အကျယ်ရှိ ဆေးသိုလှောင်ရုံဝန်ဆောင်မှု  ဧရိယာ၊ ခေတ်မီ ရုံးခန်းနေရာ၊  ကန်တင်းနေရာ၊ ထပ်တိုး အကျယ် စတုရန်း ၃၈ဝဝဝ ဧရိယာအကျယ်အဝန်း ရှိပြီး လုပ်ငန်းများကို ဇူလိုင် ၉ ရက် တွင် အပြည့်အဝလည်ပတ်နိုင်ရန် လျာထားကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:14
Rate this item
(1 Vote)