Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပီနံငရုတ်သီးဈေးကောင်းရ၍ ငရုတ်စိုက်တောင်သူများ အဆင်ပြေကြ

ရန်ကုန်တိုင်းဒေသကြီး တွံတေး၊ ဒလနှင့် ထန်းတပင်မြို့နယ်တို့၌ ပီနံငရုတ်သီးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ

ယခုအခါ ပီနံငရုတ်သီးဈေးကောင်းရရှိသောကြောင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။

 

ယခုနှစ် ငရုတ်သီးဈေးရာသီစဖြစ်တဲ့ နတ်တော်လက ငရုတ်သီးတစ်ပိဿာကို ငွေကျပ် ၅၀၀၀ ဈေ်းအထက်ပေါက်ခဲ့ပြီး တပေါင်းလပြည့်ကျော်မှာတော့ ပီနံငရုတ်တစ်ပိဿာကို ငွေကျပ် ၃၀၀၀ ဈေးရရှိတော့ ငရုတ်စိုက်တောင်သူတွေ အဆင်ပြေကြကြောင်း သိရပါတယ်။

 

ငရုတ်သီးကို ကဆုန်လအထိခူးလို့ရပြီး ၁၅ ရက်တစ်ခါ ခူးလာတာ နတ်တော်လကပါ။ ဒီနှစ်ငရုတ်ဈေးကောင်းတော့ အဆင်ပြေတယ်ဟု ငရုတ်စိုက်တောင်သူ၏ ပြောကြားချက်အရ သိရပါတယ်။

 

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသို့ ရောင်းတန်းဝင်နှင့် ပုံမှန်စားသုံးသည့် ငရုတ်သီးများ ၀င်ရောက်လျက်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် စိုက်ပျိုးမှုနည်းသောကြောင့် ငရုတ်သီးတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ရရှိ၍ ငရုတ်စိုက်ပျိုးသူများ အဆင်ပြေကြောင်း သိရပါတယ်။

 

လက်ရှိတွင် ငရုတ်သီးများဈေးကောင်းရရှိသောကြောင့် ငရုတ်စိုက်တောင်သူများမှာ ငရုတ်ပင်များကို ရေလောင်းခြင်း၊ အစာကျွေးခြင်းများ ပြုလုပ်၍ ဆက်လက်ခူးဆွတ်လျက်ရှိပြီး ဈေးကျပါက ရပ်နားထားလေ့ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:55
Rate this item
(1 Vote)