Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံမှ အာလူးတန်ချိန် သောင်းနှင့်ချီပြီး တရားမဝင် ဝင်ရောက်လျက်ရှိ

တရုတ်နိုင်ငံမှ အာလူးတန်ချိန် သောင်း နှင့်ချီပြီး တရားမဝင် ဝင်ရောက်မှု များလာ၍ ပြည်တွင်းရှိ အာလူးစိုက်တောင်သူများ ဈေး ကွက်ရပ်တည်ရန် ခက်ခဲနေကြောင်း

အာလူး အစုအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းထွေး (ခ) ဦးအောင် သန်းကျော်က ဧပြီ ၆ ရက်က မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုသည်။


"ကျွန်တော် တောင်သူတွေဆီက အာလူး ကုန်ပစ္စည်းထွက်နေတဲ့အချိန်မှာ တရုတ်ပြည်က အာလူးတအားဝင်နေတဲ့အတွက် ဈေးတအား ပြုတ်ကျပြီး ကျွန်တော်တို့နိုင်ငံရဲ့ထုတ်လုပ်မှု စရိတ်ဈေးနှုန်းတောင် မရတဲ့အခြေအနေဖြစ် နေတယ်။ ထုတ်လုပ်မှုစရိတ်တက်သွားပြီးတော့ ရင်းနှီးမြှုပ်နှံမှုမှာ တအားကြီးမြင့်သွားတဲ့ အတွက်ကြောင့်မို့လို့ တောင်သူတွေမှာ အများ ကြီးနစ်နာရပါတယ်။ ဈေးကွက်တည်ငြိမ်ရေး၊ ပွဲစားတွေရဲ့ဈေးကစားမှုကြောင့် တောင်သူ တွေက အကျိုးအမြတ်ရရှိသင့်သလောက် မရ ရှိပါဘူး" ဟု ၎င်းက ပြောဆိုသည်။

 

ကုန်ကျစရိတ်အောက်

ပြည်တွင်းအာလူးစိုက်တောင်သူများ အနေ ဖြင့် သွင်းအားစုဈေးနှုန်းကြီးမြင့်မှု၊ ပြည်ပမှ စိုက်ပျိုးရေးသွင်းအားစုအနေဖြင့် တင်သွင်း သောမျိုးစေ့ကို အခွန် ၁၅ ရာခိုင်နှုန်းပေးဆောင် ရမှု၊ အစိုးရမှ ချေးငွေမရရှိမှုများ၊ မိရိုးဖလာ စိုက်ပျိုးနေရပြီး နည်းပညာမရရှိမှုများအပြင် တရုတ်နိုင်ငံမှ တရားမဝင်ဝင်ရောက်လာသည့် အာလူးများကြောင့် ပြည်တွင်းဈေးကွက်မယှဉ် ပြိုင်နိုင်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်အောက် သာရရှိနေရကြောင်း ၎င်းက ပြောဆိုသည်။

 

နှစ်ခါနစ်နာ

"စိုက်ပျိုးရေးသွင်းအားစုအနေဖြင့် တင်သွင်း လာသောမျိုးစေ့များ စက်ကိရိယာများကို ဂျူတီ သုညသတ်မှတ်ထားပေမယ့် မျိုးစေ့တင်သွင်း တာကို အခွန် ၁၅ ရာခိုင်နှုန်း တရားဝင် ဆောင်ခဲ့ရပါတယ်။ အသနားခံစာတင်ပြ ထားတဲ့အတွက် လာမယ့်နှစ်မှာ အခွန် ၁၅ ရာခိုင်နှုန်းကို လျှော့ပေးမယ်လို့ ကြားသိရပါ တယ်။ ကျွန်တော်တို့ဆီမှာ မျိုးကောင်းမျိုးသန့် မရှိတဲ့အတွက် ကျွန်တော်တို့တောင်သူတွေ က နှစ်ခါနစ်နာရတဲ့သဘောဖြစ်ပါတယ်"ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် ပြည်တွင်း စားသုံးသူများအနေဖြင့်လည်း ပွဲစားများ၏ ဈေးကစားမှုနှင့် နှစ်ဆင့်သုံးဆင့် ကြားခံနယ် များကြောင့် ဈေးနှုန်းကြီးမြင့်နေသည့်အခြေအနေများ ရှိနေသည့်အတွက်လည်း မလိုလား အပ်ဘဲ ကုန်ကျနေသည့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် ဝိုင်းဝန်းအဖြေရှာသွားနိုင်မှသာ ထိုက်သင့်သည့်အကျိုးများ ရရှိမည်ဖြစ်သည်။

 

"လွန်ခဲ့တဲ့ သုံးလေးနှစ်က တရုတ်ပြည်က အာလူးတရားမဝင်ဝင်ရောက်လာတာက တန် ချိန်သောင်းနဲ့ချီ ရှိနေပါတယ်။ တရားမဝင် ဝင်ရောက်လာတာကို ကျွန်တော်တို့က လုံးဝ ပိတ်ဖို့တော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံကိုတရားမဝင် များများစားစားဝင်လာတဲ့ အတွက် နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာ ဆုံးရှုံးပါတယ်။ နိုင်ငံတော်ကို တရားဝင် တောင်သူကာကွယ်ရေးဥပဒေအရ သတ်မှတ် ထားတဲ့အခွန်များကို တရားဝင်ဆောင်ပြီးမှ တင်သွင်းခွင့်ပြုဖို့ မေတ္တာရပ်ခံတောင်းဆို သွားမှာပါ"ဟု ၎င်းက ပြောဆိုသည်။

 

ဥပဒေများ

ထို့ကြောင့် အစိုးရအနေဖြင့် တောင်သူ များ အမှန်တကယ်လိုအပ်နေသည့် အရည်အသွေးနှင့်အထွက်နှုန်းကောင်းသည့် မျိုးစေ့ များ၊ စက်ကိရိယာများ၊ ခေတ်မီနည်းပညာများ၊ အအေးခန်းသိုလှောင်ရုံများ၊ ချေးငွေထုတ်ချေးမှုများ၊ ဈေးကွက်တည်ငြိမ်ရေးနှင့် တောင် သူများ အကျိုးစီးပွားအကာအကွယ်ပေးသည့် ဥပဒေများစသည်တို့ကို ဖြည့်ဆည်းဆောင် ရွက်ပေးရန်လိုအပ်ကြောင်း အာလူးအစုအဖွဲ့ ဒု-–ဥက္ကဋ္ဌ ဦးနေဝင်းထွန်းက ပြောဆိုသည်။

 

ဈေးနှိမ်ခံရ

"အခုတောင်သူတွေစိုက်ပျိုးနေတဲ့မျိုးကတော့ တရုတ်နယ်စပ်ကဝင်လာတဲ့ ဘာမှန်း မသိတဲ့မျိုး၊ အမျိုးအမည်မသိတဲ့မျိုးတွေကို အများဆုံးစိုက်ပျိုးနေရတာပါ။ နဂိုစိုက်ခဲ့တဲ့ မျိုးတွေကတော့ ဒေသရင်းမျိုးဖြစ်ပါတယ်။ နှစ်ပေါင်းလည်း တော်တော်ကြာပြီဆိုတော့ စိုက်ရင်းစိုက်ရင်း အရည်အသွေးတွေ နိမ့်လာ ပြီးတော့ အထွက်နှုန်းတွေတော်တော်ကျဆင်း သွားပါတယ်။ ဒါကြောင့် အထွက်နှုန်းကောင်း မယ့် မျိုးစေ့မျိုးသန့်တွေကို အသင်းကနေပြီး တော့ ကြိုးစားရှာဖွေပေးနေပါတယ်။ အဓိကက ပွဲစားတွေဆီကမျိုးကို အြွေကးယူတာများ တယ်။ထွက်လာလို့ရှိရင်လည်း ပွဲစားတွေဆီ ကို ပြန်သွင်းရတော့ ဈေးနှိမ်ခံရတာရှိတယ်။ ဒါကလည်း အရင်းအနှီးလိုအပ်ချက်ကြောင့်လို့ကျွန်တော်မြင်တယ်။ အစိုးရပိုင်းက တောင် သူတွေကို ချေးငွေထုတ်ပေးဖို့ ကျွန်တော်တို့ အသင်းအနေနဲ့ ကြိုးစားနေပါတယ်" ဟု ၎င်းက ပြောဆိုသည်။

 

ခန့်မှန်းရခက်

လက်ရှိပြည်တွင်းတွင် အာလူးစိုက်ဧက စုစုပေါင်း ၉၀ဝ၀ဝ ကျော်ရှိပြီး ရှမ်းပြည်နယ် တွင် ဧက ၅၀ဝ၀ဝ ကျော်စိုက်ပျိုးနေပြီး မကွေး တိုင်းတွင်လည်း စိုက်ပျိုးလျက်ရှိရာ တစ်နှစ် ပတ်လုံး အာလူးထွက်ရှိလျက်ရှိသည်။ ပြည်တွင်း စားသုံးမှုမှာ စာရင်းအချက်အလက်ကောက်ယူ ထားခြင်းမရှိ၍ တိတိကျကျခန့်မှန်းရန် ခက်ခဲ ကြောင်း သိရသည်။

 

Credit: Myanmar Time

Read times Last modified on Monday, 08 April 2019 17:23
Rate this item
(1 Vote)