Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အသေးစားချေးငွေ အဖွဲ့အစည်းများထံ ပေးရန်ကျန်ရှိနေသည့် အရင်းနှင့်အတိုးများကို ၂၀၂၁ ဧပြီလထိ ရွှေ့ဆိုင်းမည်

COVID-19 ရောဂါ ကူးစက်ခံရမှုနှုန်း အများဆုံးဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေရယူထားသော အသင်းသား များအတွက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးရန် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။
 

 
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုးများကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ ပေးဆပ်ခြင်းမှ ရွှေ့ဆိုင်းပေးရန်နှင့် ယင်းကာလအတွက် ပေးဆပ်ရန်ရှိသည့် အရင်းနှင့် အတိုး များကို ၂၀၂၁ ခုနှစ်၊ မေလမှ အောက်တိုဘာလအထိ အရစ်ကျပြန်လည်ပေးဆပ်နိုင်ရန် စီစဉ်ထားပါကြောင်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ နစ်နာမှုမရှိစေရန် ယင်းကာလအတွက် ချေးငွေရယူထားသော အသင်းသား များထံမှ ရရန်ရှိသည့် အရင်းနှင့် အတိုးများကို မြန်မာ့စီးပွားရေးဘဏ်မှ သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ကာလတို အတိုးမဲ့ချေးငွေ (၁) နှစ် သတ်မှတ်၍ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှထုတ်ပြန်ထားတာဖြစ်ပါတယ်။
 
ထို့အပြင် ချေးငွေလိုအပ်နေသည့် ပြည်သူများရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး မကြာခင်ကြေညာသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၁၆ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာထည့်သွင်း ပြော ကြားထားပါတယ်။ " ပြည်သူတွေမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပံပိုးပေးဖို့အတွက် ချေးငွေလိုအပ်တဲ့ပြည်သူများရနိုင်ဖို့အတွက် စီစဉ်နေပါတယ်။ကျွန်မတို့စပြီးဆွေးနွေးနေပါပြီ။မကြာမီနှစ်ပါတ် သုံးပါတ်လောက်အတွင်းမှာ ဘယ်လိုအစီအစဉ်တွေရှိတယ်ဆိုတာကို ပြည်သူတွေတင်ပြနိုင်မယ်လို့မျှော်လင့်ပါတယ်"ဟုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
 
Myanmar Labour News
Read times
Rate this item
(0 votes)