Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကောက်ညှင်းဆန် ဈေးနှုန်း မြင့်တက်လာ၍ ပြည်ပမှ ကောက်ညှင်းဆန်များ ဝင်ရောက်လာ

ပြည်တွင်းမှ ကောက်ညှင်းဆန်ဈေးနှုန်း မြင့်တက်လာသဖြင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်မှစ၍ ပြည်ပမှ ကောက်ညှင်းဆန်များ

ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာပြီး တစ်အိတ်လျှင် ငွေကျပ်  ၄၈ဝဝဝ ဝန်းကျင်ဖြင့် ရောင်းချကြောင်း ဘုရင့်နောင်ပွဲရုံ၌ ကောက်ညှင်းဆန်ရောင်းချသူ ကိုနိုင် ထံမှ သိရသည်။

 

၂ဝ၁၈ ခုနှစ် ကောက်ညှင်းစပါးသစ် ထွက်ပေါ်သည့် ဒီဇင်ဘာလအတွင်း ကောက်ညှင်း ဆန်တစ်အိတ်လျှင် ငွေကျပ် ၅ဝဝဝဝ ဝန်းကျင်အထိ ဈေးမြင့်လာကြောင်း သိရသည်။

 

ဒီဇင်ဘာလကုန်ပိုင်းမှစ၍ မော်ကျွန်းမြို့နယ်မှ ကောက်ညှင်းဆန်သစ်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်လာရာ ဇန်နဝါရီလဆန်းတွင် တစ်အိတ်လျှင် ငွေကျပ် ၄ဝဝဝဝ ဝန်းကျင်သို့ ဈေးနှုန်း ကျဆင်းလာကာ ပြည်ပမှ ကောက်ညှင်းဆန် ဝင်ရောက်မှု နည်းသွားကြောင်း သိရသည်။

 

၂ဝ၁၉  ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ရန်ကုန်ဆန်ဈေးကွက်၌ မြစ်ဝကျွန်းပေါ် ပေါ်ဆန်းဆန်သစ် တစ်အိတ်လျှင် ငွေကျပ် ၃၅ဝဝဝ  မှ ၄ဝဝဝဝ ဝန်းကျင်ရှိပြီး ရွှေဘိုပေါ်ဆန်း ဆန်သစ် တစ်အိတ်လျှင် ငွေကျပ် ၄၇ဝဝဝ  ဝန်းကျင်ရှိသည်။

 

ကောက်ညှင်းဈေးကွက်၌ ပုသိမ်နယ်ထွက် ကောက်ညှင်းအသွယ်မှာ ဈေးနှုန်းအမြင့်ဆုံးရရှိနေပြီး  မော်ကျွန်းမြို့နယ်နှင့်  ရန်ကုန်တိုင်းဒေသကြီးတို့မှ ကောက်ညှင်းဆန်များ ထွက်ရှိသော်လည်း ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး၌   ကောက်ညှင်းစပါး စိုက်ပျိုးမှု လျော့ကျလာကြောင်း၊  ဆန်ဈေးကွက်၌ ဆန်တစ်အိတ်လျှင် ၁ဝ၈ ပေါင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေသော်လည်း ကောက်ညှင်း ဆန်တစ်အိတ်လျှင်  ၁ဝ၂  ပေါင်ဖြင့်သာ  ချိန်တွယ် ရောင်းချကြောင်း သိရသည်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)