Food & Livestock
အာရှတွင် ယခုနှစ် ဆန်အထွက်များမည် ခန့်မှန်း
အာရှတွင် ယခုနှစ် ဆန်အထွက်များမည် ခန့်မှန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဆန်ဈေး ကောင်းနေသဖြင့် လယ်သမားများ စိုက်ဧကများ တိုးချဲ့ရန်နှင့် ဓာတ်မြေဩဇာ ပိုမိုအသုံးပြုရန် စိတ်အားထက်သန်စေသောကြောင့် အာရှ၏ ဆန်အထွက်နှုန်းမှာ ယခုနှစ်တွင် မြင့်တက်လာမည် ဖြစ်သည်။
ဆန်ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် ကျဆင်းမှုကို ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသည်။ ယခုနှစ်တွင် ဆန်ထုတ်လုပ်မှု ပြန်မြင့်တက်မည်ဟု ခန့်မှန်းထားသည်။
,
မကြာသေးမီက ရိတ်သိမ်းပြီးသည့် ရာသီပေါ် စပါးများကို ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူများဖြစ်ကြသည့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ထုတ်လုပ်မှုသည် ယခင်နှစ်ထက် ကျော်လွန်ခဲ့သည်။
လယ်သမားများသည် လာမည့်လ အနည်းငယ်အတွင်း စပါးစိုက်ပျိုးရန် ပြင်ဆင်နေကြချိန်တွင် ဆန်စျေးနှုန်းများမှာ နှစ်နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေသည်။
.
အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့သည် စပါးကို မေလနှင့် ဇွန်လတွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ စီးပွားရေးပညာရှင် Shirley Mustafa က ပြောကြားသည်။
.
အိန္ဒိယ၏ ပို့ကုန်ဆန် ကန့်သတ်ချက်များ၊ တရုတ်နိုင်ငံတွင် အပူလှိုင်းနှင့် ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ထုတ်လုပ်မှု ကျဆင်းမှုနှင့်အတူ ယမန်နှစ်တွင် ဆန်စျေးနှုန်းများ မြင့်တက်ခဲ့သည်။
သို့သော်လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဆန်ဈေးနှုန်းများ ကျဆင်းခဲ့သည်။ အသုံးများပြားသည့် ၅% ဆန်ကွဲပါ အိန္ဒိယဆန် RI-INBKN5-P1 အမျိုးအစားနှင့် ၅% ဆန်ကွဲပါ ထိုင်းဆန် RI-THBKN5-P1 တို့၏ ခေါ်ဈေးသည် ၂၀၂၃ တွင် ဖြစ်ပေါ်ခဲ့သည့် နှစ်နှစ်တာအတွင်း အမြင့်ဆုံးဈေးနှုန်း အောက်မှာ ရောက်ရှိနေသည်။
.
အိန္ဒိယနိုင်ငံတွင် ဆောင်းရာသီ စိုက်သည့် စပါးထုတ်လုပ်မှုသည် လွန်ခဲ့သည့်နှစ်တွင် တန်ချိန် ၁၈ ဒသမ ၅ သန်း ရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၂၂ ဒသမ ၈ သန်းသို့ ခုန်တက်ခဲ့သည်။ နွေစပါး အထွက်လျော့ကျသည်ကို ထေမိသည်။
.
တစ်ကမ္ဘာလုံးတွင် စပါးစိုက်ပျိုးမှု ဧရိယာသည် ၂၀၂၃/၂၄ တွင် ဟက်တာပေါင်း ၁၆၅.၇၀ သန်းအထိ ရှိမည်ဟု International Grains Council (IGC) က ခန့်မှန်းထားသည်။
ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၅၂၁ ဒသမ ၄၉ သန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
တတိယအကြီးဆုံး ပိုတက်စ့် တင်ပို့သူဘီလာရုစ်မှ ထောက်ပံ့မှု ပြန်လည်စတင်လာသောကြောင့် ဇန်နဝါရီမှ မတ်လအတွင်း ဓာတ်မြေဩဇာစျေးနှုန်းများ ကျဆင်းခဲ့သည်။ အဓိက ကုန်ကြမ်းဖြစ်သော နိုက်ထရိုဂျက်လည်း ဈေးပြန်ကျသည်။
သို့သော်လည်း အာရှဆန်စပါးထုတ်လုပ်မှုအတွက် ရာသီဥတုသည် အဓိကကျသည်။
အယ်နီညို ကြောင့် အာရှတိုက်၏ နေရာအနှံ့အပြားတွင် ခြောက်သွေ့မှု ဖြစ်ပေါ်စေမည်ဟု ခန့်မှန်းထားသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U