Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား စားအုန်းဆီကြမ်း တင်ပို့ခွန် အခမဲ့ ပြောင်းလဲ သတ်မှတ်

အင်ဒိုနီးရှား စားအုန်းဆီကြမ်း တင်ပို့ခွန် အခမဲ့ ပြောင်းလဲ သတ်မှတ် Indonesia Investments

စားအုန်းဆီစိုက်ခင်းရန်ပုံငွေစီမံခန့်ခွဲမှုအေဂျင်စီ (BPDPKS) ၏ ဦးဆောင်ကော်မတီသည် စားအုန်းဆီကြမ်း (CPO) နှင့် ၎င်း၏ ဆင့်ပွားကုန်စည်များအပေါ် တင်ပို့မှုစည်းကြပ်ခွန် ယာယီ ဖျက်သိမ်းရေးအား အတည်ပြုခဲ့ပြီး၊ အောက်တိုဘာလအထိ နောက်ထပ် ၂ လ သက်တမ်းတိုးပေး လိုက်ပါသည်။

 

ဘဏ္ဍာရေးဝန်ကြီး Sri Mulyani က စားအုန်းဆီကြမ်းနှင့် ၎င်း၏ ဆင့်ပွားကုန် စည်များအတွက် BPDPKS တင်ပို့မှုအခွန်စည်းကြပ်မှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ သြဂုတ်လ၊ ၃၁ ရက်နေ့အထိ သုည သို့မဟုတ် အခမဲ့အဖြစ် သတ်မှတ်ခဲ့ရာမှ၊ ယခုအခါ အောက် တိုဘာလအထိ သက်တမ်းတိုးမြှင့်ပေးခြင်း ဖြစ်ပါသည်။

 

"ပို့ကုန်စည်းကြပ်ခွန်ကာလ တိုးမြှင့်ခြင်းမှာ လက်ရှိအရှိန်အဟုန်ကို ထိန်းထားနိုင်ရန်ရည် ရွယ်ကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်းများ တည်ငြိမ်နေချိန်တွင် ဟင်းချက်ဆီဈေးနှုန်းများ စတင်ကျဆင်းလာပြီး၊ (ဆီအုန်းအလုံးလိုက်အပါအဝင်) လတ်ဆတ်သော သစ်သီးစုံ(FFB) ဈေး နှုန်းများ စတင်မြင့်တက်လာရာ၊ စိုက်ပျိုးသူများ သို့မဟုတ် လယ်သမားများ၌ အကျိုးဖြစ်ထွန်း လာသည်ဟု စတင်ခံစားရလာကြောင်း” စီးပွားရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က ဩဂုတ်လ (၂၉) ရက်နေ့တွင် ရေးသားဖော်ပြထားသည်။


အခမဲ့တင်ပို့ခွန်ကို သက်တမ်းတိုးမည့်ဆုံးဖြတ်ချက်အား တုံ့ပြန်သည့်အနေဖြင့် စားအုန်း ဆီတောင်သူများသမဂ္ဂ (SPKS) ၏ အထွေထွေအတွင်းရေးမှူး Mansuetus Darto က အစိုးရ၏ ဆောင်ရွက်မှုမှာ တောင်သူလယ်သမားများ၏ လတ်ဆတ်သော သစ်သီးစုံစျေးနှုန်းကို ပံ့ပိုးရန် အပြုသဘောဆောင်ကြောင်း၊ သို့ရာတွင် အကဲဖြတ်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် K Index ကဲ့သို့ FFB ၏ ဈေးနှုန်းကို တွက်ချက်သည့် ယန္တရားမျိုးဖြစ်ကြောင်း၊ ပုဂ္ဂလိက အုန်းဆီကြိတ် လုပ်ငန်းများမှာ လယ်သမားဈေးနှုန်းထဲ၌ ပါဝင်နေသဖြင့်၊ လယ်သမားများဘက်မှ လက်ခံရရှိ သောဈေးနှုန်းကို လျှော့ချပစ်သည်ကို သတိပြုရန်လိုကြောင်း ပြောကြားခဲ့ပါသည်။


Source: cnbcindonesia

Read times
Rate this item
(0 votes)