Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်သူများ အမြတ်အစွန်း ရရှိ

Unicode


ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်သူများ အမြတ်အစွန်း ရရှိ


စစ်ကိုင်းတိုင်းဒေသကြီး    တမူးခရိုင် တမူးမြို့နယ်၌ ယခုအခါ စီးပွားဖြစ် ငွေနှင်းမှိုမျိုး စိုက်ပျိုးထုတ်လုပ်သူများ    ဝင်ငွေအမြတ်အစွန်း ရလျက်ရှိကြောင်း    သိရသည်။


“ကျွန်မတို့စိုက်ပျိုး ထုတ်လုပ်တဲ့ မှိုမျိုးကတော့  ငွေနှင်းမှိုလို့ခေါ်တဲ့   မှိုမျိုးတွေ ရန်ကုန်မြို့ကိုမှာပြီး ဝယ်ယူရပါတယ်။


တမူးမြို့အရောက်ဆိုရင် ရေသန့်ဘူးအရွယ် အစား နီးနီးလောက်ရှိတဲ့ ဘူးထဲ မျိုးထည့်ပြီး တစ်ဘူးကို ငွေကျပ် ၇၀၀ နဲ့ ဝယ်ယူပါတယ်။ အခုလက်ရှိမှာတော့  မှိုဘူးပေါင်း ၄၀၀ လောက်ကို စိုက်ပျိုးထားပါတယ်” ဟု တမူးမြို့ စန်္ဒကူး (၃)ရပ်ကွက်ရှိ မှိုစိုက်ပျိုး ထုတ်လုပ်ရောင်းချသူ ဒေါ်ကြည်ကြည်ဌေးက ပြောသည်။

 

Read More >>>>>  ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား တိုက္႐ိုက္တင္သြင္းရန္ ေတာင္ကိုရီးယား စိတ္ဝင္စား


စိုက်ပျိုးမှုနည်းစနစ်မှာ မျိုးရောက်လာပါက သုံးရက်ခန့် ရေမလောင်းဘဲ ထားရပြီး စိုက်ပျိုးပြီး   လေးရက်မြောက်နေ့တွင် ရေစတင်လောင်းရကြောင်း၊  မှိုထုပ်များကို လေဝင်လေထွက် ရရှိ၍ တိုက်ရိုက်နေမပူသော နေရာတွင်ထားကာ  စိုထိုင်းဆ ၈၀ ရာခိုင်နှုန်း ရှိရမည်ဖြစ်ကြောင်း၊  မှိုထုပ်များ ကို တစ်ဆင့်နှင့်တစ်ဆင့် ၁ ပေခွဲအကွာ အဝေးရှိသော ဝါးစင်၊ သစ်သားစင်၊ သံစင် များအပေါ်တွင်   ထောင်၍သော်လည်း ကောင်း၊ လှဲ၍သော်လည်းကောင်း ထားရကြောင်း၊ စိုက်ပျိုးပြီး နှစ်ပတ်ခန့်ကြာလျှင် မှိုပင်စတင်ထွက်လာကာ   တစ်ဘူးလျှင် ငါးကျပ်သားခန့် ထွက်ရှိကြောင်း သိရသည်။


အဆိုပါငွေနှင်းမှိုမျိုးကို စတင်စိုက်ပျိုးချိန်မှ မှိုကုန်ဆုံးသည်အထိ ငါးလအတွင်း နှစ်ပတ်လျှင်တစ်ကြိမ် ကောက်၍ ရောင်းချနိုင်ပြီး တစ်ကြိမ်ကောက်လျှင် ပိဿာချိန် ၂၀ ကျော် ရရှိရာ စတင်စိုက်ပျိုးသည်မှ မှိုသက်တမ်း ကုန်ဆုံး သည်အထိ ငွေကျပ် ၁၀ သိန်းမှ ၁၃ သိန်း ဝန်းကျင်အထိ အမြတ်အစွန်း ရရှိကြောင်း သိရသည်။

 

Source: Myawaddy

 

 

 

 

ေငြႏွင္းမႈိ စိုက္ပ်ဳိးထုတ္လုပ္သူမ်ား အျမတ္အစြန္း ရရွိ

 

စစ္ကိုင္းတိုင္းေဒသႀကီး    တမူးခ႐ိုင္ တမူးၿမိဳ႕နယ္၌ ယခုအခါ စီးပြားျဖစ္ ေငြႏွင္းမႈိမ်ဳိး စိုက္ပ်ဳိးထုတ္လုပ္သူမ်ား    ၀င္ေငြအျမတ္အစြန္း ရလ်က္ရွိေၾကာင္း    သိရသည္။


“ကၽြန္မတို႔စိုက္ပ်ဳိး ထုတ္လုပ္တဲ့ မႈိမ်ဳိးကေတာ့  ေငြႏွင္းမႈိလို႔ေခၚတဲ့   မႈိမ်ဳိးေတြ ရန္ကုန္ၿမိဳ႕ကိုမွာၿပီး ၀ယ္ယူရပါတယ္။


တမူးၿမိဳ႕အေရာက္ဆိုရင္ ေရသန္႔ဘူးအရြယ္ အစား နီးနီးေလာက္ရွိတဲ့ ဘူးထဲ မ်ဳိးထည့္ၿပီး တစ္ဘူးကို ေငြက်ပ္ ၇၀၀ နဲ႔ ၀ယ္ယူပါတယ္။ အခုလက္ရွိမွာေတာ့  မႈိဘူးေပါင္း ၄၀၀ ေလာက္ကို စိုက္ပ်ဳိးထားပါတယ္” ဟု တမူးၿမိဳ႕ စႏ္ၵကူး (၃)ရပ္ကြက္ရွိ မႈိစိုက္ပ်ဳိး ထုတ္လုပ္ေရာင္းခ်သူ ေဒၚၾကည္ၾကည္ေဌးက ေျပာသည္။

 

Read More >>>>>  ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား တိုက္႐ိုက္တင္သြင္းရန္ ေတာင္ကိုရီးယား စိတ္ဝင္စား


စိုက္ပ်ဳိးမႈနည္းစနစ္မွာ မ်ဳိးေရာက္လာပါက သံုးရက္ခန္႔ ေရမေလာင္းဘဲ ထားရၿပီး စိုက္ပ်ဳိးၿပီး   ေလးရက္ေျမာက္ေန႔တြင္ ေရစတင္ေလာင္းရေၾကာင္း၊  မႈိထုပ္မ်ားကို ေလ၀င္ေလထြက္ ရရွိ၍ တိုက္႐ိုက္ေနမပူေသာ ေနရာတြင္ထားကာ  စိုထိုင္းဆ ၈၀ ရာခိုင္ႏႈန္း ရွိရမည္ျဖစ္ေၾကာင္း၊  မႈိထုပ္မ်ား ကို တစ္ဆင့္ႏွင့္တစ္ဆင့္ ၁ ေပခြဲအကြာ အေ၀းရွိေသာ ၀ါးစင္၊ သစ္သားစင္၊ သံစင္ မ်ားအေပၚတြင္   ေထာင္၍ေသာ္လည္း ေကာင္း၊ လွဲ၍ေသာ္လည္းေကာင္း ထားရေၾကာင္း၊ စိုက္ပ်ဳိးၿပီး ႏွစ္ပတ္ခန္႔ၾကာလွ်င္ မႈိပင္စတင္ထြက္လာကာ   တစ္ဘူးလွ်င္ ငါးက်ပ္သားခန္႔ ထြက္ရွိေၾကာင္း သိရသည္။


အဆိုပါေငြႏွင္းမႈိမ်ဳိးကို စတင္စိုက္ပ်ဳိးခ်ိန္မွ မႈိကုန္ဆံုးသည္အထိ ငါးလအတြင္း ႏွစ္ပတ္လွ်င္တစ္ႀကိမ္ ေကာက္၍ ေရာင္းခ်ႏိုင္ၿပီး တစ္ႀကိမ္ေကာက္လွ်င္ ပိႆာခ်ိန္ ၂၀ ေက်ာ္ ရရွိရာ စတင္စိုက္ပ်ဳိးသည္မွ မႈိသက္တမ္း ကုန္ဆံုး သည္အထိ ေငြက်ပ္ ၁၀ သိန္းမွ ၁၃ သိန္း ၀န္းက်င္အထိ အျမတ္အစြန္း ရရွိေၾကာင္း သိရသည္။

 

Source: Myawaddy

Read times Last modified on Thursday, 06 February 2020 15:02
Rate this item
(1 Vote)