Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက အ၀ယ်ရပ်၍ မတ်ပဲ ပဲစင်းငုံဈေးကျ

အိန္ဒိယနိုင်ငံက အ၀ယ် ရပ်ခြင်းကြောင့် ပြည်တွင်း ဈေး ကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး နှုန်း ပြန်လည်ကျဆင်းလာကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦး မင်းကိုဦးက ပြောသည်။

အထူးပါမစ် လိုင်စင်ဖြင့် အိန္ဒိယကုန်သည်များ ပဲတင်သွင်း မှု ရပ်နားခြင်းကြောင့် မတ်ပဲ တစ်တန်လျှင် ၅ ရာခိုင်နှုန်း၊ ပဲစင်းငုံတစ်တန်လျှင် ၃ ရာခိုင်နှုန်းခန့် ဈေးကျဆင်းလာသည်။

 

‘‘ပြည်တွင်းပဲဈေးက အိန္ဒိယ ၀ယ်ရင် ဈေးတက်တယ်။ အ၀ယ် မရှိရင် ဈေးကပြန်ကျသွားတယ်။ မှန်းလိုမရဘူးဖြစ်နေတယ်’’ဟု ဦးမင်းကိုဦးက ပြောသည်။

 

ပြည်တွင်း ဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ၅၀၃,၀၀၀ ကျပ်မှ ၄၈၀,၀၀၀ ကျပ်၊ ပဲစင်းငုံ တစ်တန်လျှင် ၄၈၅,၀၀၀ ကျပ်မှ ၄၇၀,၀၀၀ ကျပ်သို့ ဈေးကျဆင်း လာကြောင်း ဘုရင့်နောင်ရှိ ပဲကုန် သည်တစ်ဦးက ပြောသည်။

 

လက်ရှိ ပြည်တွင်း ပဲဈေး ကွက်သည် အိန္ဒိယနိုင်ငံ၏ ၀ယ် လိုအားအပေါ် မှီခိုနေရသော် လည်း ယခုနှစ်တွင် ပြည်တွင်းပဲ ဈေးနှုန်းကျဆင်းမှုကြောင့် အရည် အသွေးမြင့် မတ်ပဲများကို တရုတ် နိုင်ငံက ၀ယ်လိုအားများလာကြောင်း မန္တလေးမှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၌ မတ်ပဲလက်ကျန်တန်ချိန် ၂၅၀,၀၀၀ နှင့် ပဲစင်းငုံလက်ကျန်တန်ချိန် ၈၀,၀၀၀ ခန့်ရှိသည်။ ၂၀၁၇ သြဂုတ်နောက်ပိုင်း အိန္ဒိယနိုင်ငံက ပဲအ၀ယ်ရပ်တန့်ပြီးနောက် မတ်ပဲအသစ်မပေါ်မီ ခြောက်လအတွင်း ပြည်ပသို့ တန်ချိန် ၂၀၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ပဲကုန်သည်အချို့က ပြောကြားသည်။


Source: 7 days new

Read times
Rate this item
(0 votes)