Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွဲ၊ နွားအရှင် တစ်သောင်းခုနစ်ထောင်ကျော် ပြည်ပသို့တင်ပို့

၂၀၁၇ ခုနှစ်။ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိ ပြည်ပနိုင်ငံများသို့

ကျွဲ၊ နွားအရှင် တစ်သောင်းခုနစ်ထောင်ကျော်ကို တင်ပို့ထားပြီးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

ကျွဲ၊နွားအရှင်များ ပြည်ပသို့ စတင်၍ တင်ပို့ခွင့်ပြုခဲ့သည့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိ ခြောက်လတာကာလအတွင်း ကျွဲ၊နွားအရှင်အကောင်ရေ တစ်သောင်း ခုနစ်သောင်းကျော် တင်ပို့ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ကျွဲ၊ နွားအရှင်များကို ပြည်ပသို့ တရားဝင် စတင်တင်ပို့ခွင့်ပြုခဲ့သောကြောင့် အပူပိုင်းဒေသများဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ပဲခူးတိုင်း (အထက်ပိုင်း) တို့တွင် မွေးမြူရေးအထူးဇုန်များ ပေါ်ပေါက်လာပြီး အကောင်ရေထောင်နှင့်ချီ မွေးမြူလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

Source: Voice

Read times Last modified on Tuesday, 18 September 2018 17:57
Rate this item
(1 Vote)