Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွန်းစုမြို့နယ်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဒူးရင်းသီးများ အထွက်နှုန်းကျဆင်းခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း စိုက်ပျိုးထားသော ဒူးရင်းပင်များသည်

ရာသီဥတု ပူပြင်းသောကြောင့် အပင်များ ခြောက်သွေ့လာကာ အပင်သေခြင်း၊ အသီးများ အရွယ်မရောက်မီ ကြွေကျခြင်းတို့ကြောင့် ယခုနှစ်တွင် ဒူးရင်းသီးများ အထွက်နှုန်းကျဆင်းလျက်ရှိကြောင်း သိရပါတယ်။

 

“ယခင်နှစ်က ဒူးရင်းပင် ၁၀ ပင်လောက်ရှိတဲ့သူတွေမှာ တစ်ခါကောက်ရင် ၀ါးခြင်းနဲ့လေးခြင်း၊ ငါးခြင်းလောက်ရ တယ်။ ဒီနှစ်မှာ ပူပြင်းတဲ့အတွက် အပင်သေပြီး အသီးအကင်းတွေကြွေကျတာတွေကြောင့် တစ်ခြင်း၊ နှစ်ခြင်းလောက်ပဲရတယ်။ အဲဒါကြောင့် ဖောက်သည်လည်း မသွင်းနိုင်ဘူး။ ရွာမှာဆို အ၀ယ်ဒိုင်တစ်ဒိုင်ရှိပြီး ထွက်သမျှ ဒူးရင်းသီးအကုန်ဝယ်တယ်။ အဲဒီအ၀ယ်ဒိုင်က မြိတ်မြို့နဲ့ ရန်ကုန်မြို့ကို တင်ပို့ရောင်းချတယ်။ ဒီနှစ်ဒူးရင်းသီးများအရ နည်းလာတာကြောင့် အ၀ယ်ဒိုင်တွေလည်း တင်ပို့ဖို့အခက်အခဲဖြစ်နေတယ်” ဟု ခြံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

“ဒူးရင်းသီးအသေးတစ်လုံးကို ငွေကျပ် ၂၀၀၀ ရှိပြီး အကြီးတစ်လုံးကို ငွေကျပ် ၇၀၀၀၊ ၈၀၀၀ အထိ ရကြောင်း၊ အသေးတစ်လုံးကို မိုးများတဲ့ဇွန်၊ ဇူလိုင်လတွေဆိုရင် ငွေကျပ် ၅၀၀၊ ၁၀၀၀ လောက်ပဲရှိပါတယ်။ ဒူးရင်းသီးကတော့ လာသွင်းသလောက်ကုန်ပါတယ်။ ကျွန်းစုကလှေရောက်လာပြီဆိုရင် လက်လီလက်ကား ရောင်းဝယ်သူများ အော်ဒါမှာသူများနဲ့ ရောက်သလောက်ကုန်ပါတယ်။ ဒီနှစ်မှာ ဒူးရင်းသီး သိသိသာသာကို အရနည်းလာတယ်ဟု” သစ်သီးရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဒူးရင်းပင်များကို ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စုတွင် အများဆုံး စိုက်ပျိုးပြီး ယခင်က ဒူးရင်းသီးပေါ်ချိန်တွင် မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးကြီး၊ ကမ်းနားလမ်း၊ မြို့သစ်ဈေး၊ ကန်ဖျားကုန်စိမ်းဈေးနှင့် မြို့တွင်းလမ်းဆုံလမ်းခွများတွင် ရောင်းချကြပြီး ယခုအခါ ဒူးရင်းသီးအထွက်နှုန်းကျဆင်းသဖြင့် ကမ်းနားတစ်လျှောက်တွင်သာ အရောင်းဆိုင်များရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 14:05
Rate this item
(1 Vote)