Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်သီးရေခဲမုန့် ပြုလုပ်နည်း

ထောပတ်သီးရေခဲမုန့် ပြုလုပ်နည်း Google

မိုးရာသီဆိုပေမယ့် ရေခဲမုန့်ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ရာသီမရွေး စားသုံးကြပါတယ်။ ဒါ့ကြောင့် အိမ်မှာလည်း အလွယ်တကူပြုလုပ်စားနိုင်မယ့် ထောပတ်သီး ရေခဲမုန့်ပြုလုပ်နည်းအချို့ကို မျှဝေလိုက်တာဖြစ်ပါတယ်။

 

ထောပတ်သီးဆိုတာ ရေခဲမုန့် အလွယ်လုပ်ရာမှာ အလွန် အသုံးဝင်ပါတယ်။ သူရဲ့ နူးညံ့တဲ့ အနှစ်တွေကြောင့် တခြားကော်မှုန့်၊ ပြောင်းကော်မှုန့်၊ ကာ့စတာ့ ပေါင်ဒါတို့ကိုထည့်နေစရာ မလိုတော့ဘဲ ရေခဲမုန့်ကို နူးညံ့နေစေပါတယ်။ ထောပတ်သီးအသားနှစ်ကို နို့ဆီ သကြားတို့နဲ့ ရော၊ စက်နဲ့ကြိတ်၊ အခဲခံပြီး အလွယ်နည်းနဲ့လည်း လုပ်စားနိုင်ပါတယ်။ အခု နည်းကတော့ whipping cream ကို ထည့်ထားတဲ့အတွက် ပိုပီး နူးနူးညံ့ညံ့ရှိနေမှာ ဖြစ်ပြီး ဆိမ့်နေမှာပါ၊

 

အချိုအရသာကို မကဲစေအောင် သကြားနဲ့ နို့ဆီကို အသင့်တင့်သုံးထားပြီး ထောပတ်သီးနဲ့ ခရင်တို့ဆီက ဆိမ့်တဲ့ အရသာကို အဓိကထား ခံစားရမှာဖြစ်ပါတယ်။ သို့သော်လည်း ရေခဲမုန့်ကောင်းကောင်းတွေကို အလွယ်ဝယ်လို့ ရနေတာ ကိုယ့်ဘာသာ ဘာလို့အပင်ပန်းခံပြီး လုပ်စားမလဲဆိုတာက မေးစရာဖြစ်ပေမယ့် ကိုယ်တိုင်လုပ်စားရတဲ့ အရသာ ဘာနဲ့မှမတူတဲ့ ခံစားမှု တစ်ခုဖြစ်ပါတယ်။ 

 

ပါဝင်ပစ္စည်းများ

 

1. ထောပတ်သီး ၁ လုံး (၄၅၀ ဂရမ်)

 

2. နို့ဆီကို စားပွဲဇွန်းမောက်မောက် ၁ဇွန်း

 

3. သကြား ၄ စားပွဲဇွန်း

 

4. Whipping cream ၁ ဗူး

 

5.ဆား လက်တဖျစ်စာမျှသာ

 

6. နွားနို့ သို့မဟုတ် နို့စိမ်း ၁၀၀ မီလီလီတာ

 

ပြုလုပ်နည်း

 

1. ရေခဲမုန့် ပြုလုပ်မည့် ခွက်ကို ရေခဲသေတ္တာ အခဲထပ်တွင် တစ်ည သို့မဟုတ် (၂၄ နာရီ) ထည့်ထားပါ။

 

No photo description available.

 

2. ဝှစ်ပင်းခရင်မ်(Whipping cream)၊ ခရင်ကိုမွှေမည့် ခွက်၊ မွှေတံတို့ကို ရေခဲသေတ္တာ အအေးထပ်တွင် ကြိုတင် ထည့်ထားပါ။

 

No photo description available.

 

3. အားလုံးအေးနေသော အခါ ခရင်မ်ကို ခွက်တွင်ထည့်ပီး မွှေပါ၊ အမြှုတ်ထလာသောအခါ သကြား ၁ ဇွန်းထည့်ပီးမွှေပါ၊ အမြှုတ်များပွလာတဲ့အခါ သကြား ၁ ဇွန်းထပ်ထည့်ပီး အမြှုတ်ခဲလုနီးပါးအထိ မွှေပါ၊ အမွှေလွန်လျှင် အမြူတ်များ ပြန်ကျသွားတတ်သည်။ ရေခဲသေတ္တာ အအေးထပ်တွင်ထည့်ထားပါ။

 

Image may contain: food

 

4. ထောပတ်သီး အသားနွှာပီး၊ နို့ဆီ၊ နွားနို့၊ သကြား ၂ ဇွန်းထည့်ပီး ကြိတ်ထားပါ။

 

Image may contain: food

 

5. ထောပတ်သီး နှင့် အအေးခံထားသော ခရင်အနှစ် ရောပီးမွှေပါ။

 

No photo description available.

 

6. ရေခဲမုန့်ခွက်နှင့် ဒလက်ကို စက်တွင်အံကျအောင် တပ်ဆင်ပီး ခလုပ်နှိပ်ပါ၊ မုန့်နှစ်အရည် အပေါ်မှ လောင်းချထည့်ပါ၊ မုန့်နှစ်ရည် ခဲလာသည့်အခါ စက်ကို ရပ်ပါ။

 

Image may contain: food

 

7. ဒလက်ကိုဖယ်ပီး သိမ်းမည့် ဗူးတွင် ပြောင်းထည့်ကာ ရေခဲသေတ္တာ အခဲထပ်တွင် သိမ်းပါ။

 

No photo description available.

 

No photo description available.

 

Image may contain: food

 

No photo description available.

 

အေးခဲသွားတဲ့ အခါမှာ ရေခဲသေတ္တာမှထုတ်ပြီး စားသုံးရုံပါပဲ။ တစ်ခုသတိထားရပါမယ်။ အဲ့တာကတော့ ဓာတ်ပုံရိုက်ပြီး လိုက်ကြွားဖို့ပဲ ဖြစ်ပါတယ်။

 

By Myanmar Food Guide

 

Ref:Meemeetofu

Read times
Rate this item
(0 votes)