Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံ၏ မတ်ပဲဝယ်လိုအားကြောင့် မန္တလေးကုန်စည်ဒိုင်တွင် စံချိန်တင် ဈေးမြင့်တက်

မန္တလေးကုန်စည်ဒိုင် ဈေးကွက်၌ အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် 

ငွေကျပ်တစ်သိန်းခန့် အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာကြောင်း မန္တလေးမြို့ရှိ ပဲနှမ်းကုန်သည်များထံမှ သိရသည်။

 

၂ဝ၁၈ ခုနှစ် ဇူလိုင်လအတွင်းက မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၇ဝဝဝ အထိကျဆင်းခဲ့ပြီး  သြဂုတ်လမှစ၍ မတ်ပဲဈေးနှုန်းများ  ပြန်လည်ဈေးမြင့်တက်လာကာ လက်ရှိတွင် မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းခန့်အထိ ဈေးမြင့်တက်လာခဲ့ကြောင်း  မန္တလေးကုန်စည်ဒိုင်၏  ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။

 

လက်ရှိ အိန္ဒိယနိုင်ငံ၌  ရာသီဥတု ဖောက်ပြန်မှုများကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ရာ  သတ်မှတ်ထားသော  မတ်ပဲပမာဏ တန်ချိန်ထက် ပိုမိုဝယ်ယူသောကြောင့် ဝယ်လိုအားမြင့်တက်လာခြင်းဖြစ်ကြောင်း ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့် ကပြောသည်။

 

''အိန္ဒိယနိုင်ငံရဲ့ ပဲဝယ်လိုအားက ကောင်းလာတယ်။ ဝယ်လိုအားမြင့်တက်လာတာနဲ့ အတူ ဈေးကောင်းလာတယ်။ ပို့ကုန်သမားတွေ အဝယ်များတော့ ပဲဈေးသိသိသာသာ တက်လာတယ်'' ဟု   ဦးစိုးဝင်းမြင့် ကပြောသည်။

 

လက်ရှိ ပြည်တွင်း၌ မတ်ပဲတန်ချိန် များစွာ ကျန်ရှိနေသော်လည်း  အိန္ဒိယနိုင်ငံ၏ ဝယ်လိုအား ကောင်းမွန်မှုကြောင့် ပြည်တွင်းရှိ သိုလှောင်ထားသည့် မတ်ပဲပမာဏကို လျော့ကျစေပြီး လာမည့်နှစ် မတ်ပဲဈေးကွက် အတွက် အလားအလာကောင်းတစ်ခု ဖြစ်ပေါ်စေနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်သည်။

 

လက်ရှိဈေးကွက်အတွင်း မတ်ပဲသုံးတင်းဝင် တစ်အိတ်လျှင် နိုဝင်ဘာ ၂ ရက်က ငွေကျပ် ၈၂ဝဝဝ သာရှိသော်လည်း နိုဝင်ဘာ ၆ ရက်က ငွေကျပ်တစ်သိန်းခန့်အထိ ဈေးနှုန်း ရှိလာသောကြောင့် လေးရက်အတွင်း ငွေကျပ် ၁၈ဝဝဝ နီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။

 

Source: Myawady

Read 1477 times Last modified on Saturday, 10 November 2018 21:29
Rate this item
(0 votes)