Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်မှာ ဖရဲအရည်အသွေးအားနည်းတဲ့အတွက် အမြတ်နည်း

မူဆယ်သစ်သီးဈေးကွက်မှာ ဒီရက်ပိုင်း ဖရဲရောင်းအားတက်ဈေးမြင့်နေပေမယ့်လည်း

အရည်အသွေးအား နည်းချက်ကြောင့် အကျိုးအမြတ်အရနည်းတယ်လို့ ကုန်သည်အချို့ထံမှ သိရပါတယ်။

 

မူဆယ်ဈေးကွက်က ဒီရက်ပိုင်း ဖရဲရောင်းအားတက်နေပြီး ၈၅၅ ရောင်းတန်းဝင်အရည်အသွေးထိပ်စ တစ်ကီလို ၂.၅ ယွမ်မှ ၃.၃ ယွမ်၊ ကျွန်းသီးအကျား ၂ ယွမ်မှ ၂.၅ ယွမ်၊ ကျွန်းသီးဖြူစီးပြတ် ၁၅ တန် ယွမ် ၁၀,၀၀၀ မှ ၃၀,၀၀၀ ကြား၊ အစေ့မဲ့ ၂.၅ ယွမ်မှ ၃.၈ ယွမ်၊ ထန့်ဝမ် ၂.၅ ယွမ်မှ ၃.၈ ယွမ်ကြား ဈေးရတယ်။

 

ရောင်းအားတက် ဈေးမြင့်တယ်ဆိုပေမယ့် ရန်ကုန်၊ ဘီးလင်းဘက်ကလာတဲ့ ဖရဲသီးတွေက အရည်အသွေး အားနည်းချက်ကြောင့် ဖရဲကားတစ်စီးမှာ ပယ်သီးက ထက်ဝက်ခန့်အထိ ပါနေတာတွေ့ရတယ်၊ ရောင်းဈေးကောင်းပေမယ့် ပယ်သီးများပြားမှုကြောင့် တွက်ခြေမကိုက် ဖြစ်ရတာလို့ ကုန်သည်အချို့၏ ပြောကြားချက်အရ သိရပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် တရုတ်နိုင်ငံသို့ ဖရဲတင်ပို့ရာမှာ အရည်အသွေးပြည့်မီခြင်းမရှိတဲ့ အသီးတွေနဲ့ အရည်အသွေးနိမ့်အသီးတွေကို ရောနှောတင်ပို့ခြင်းကြောင့် ဆုံးရှုံးမှုပိုမိုကြီးမားစေတယ်လို့ ကုန်သည်အချို့၏ ပြောကြားချက်အရ သိရပါတယ်။

 

အထူးသဖြင့် ဂျပ်ဖာနဲ့ထည့်သွင်းရောင်းချတဲ့ အစေ့မဲ့ဖရဲ၊ ထန့်ဝမ်ဖရဲစတဲ့ အသီးတွေမှာ အရည်အသွေးပြည့်မီတဲ့ အသီးနဲ့ အရည်အသွေးလျော့ရဲတဲ့အသီးကို ရောနှောကာ ဂျပ်ဖာထဲ ထည့်တင်ပို့ခြင်းမျိုး မပြုသင့်ဘူးလို့ ကုန်သည်အချို့၏ ပြောကြားချက်အရ သိရပါတယ်။

 

အရည်အသွေးလိုအပ်တဲ့ အသီးတွေကို အကောင်းထဲရောထည့်မလာဘဲ သီးသန့်ခွဲခြားကာ အရည်အသွေး အလိုက် ရောင်းချခြင်းက ပိုမိုသင့်တော်တယ်လို့ သိရပါတယ်။

 

Source: Kumudra

Read times Last modified on Tuesday, 18 September 2018 16:54
Rate this item
(0 votes)