Food & Livestock



ဆန်တင်သွင်းနိုင်ရန်အတွက် ဗီယက်နမ်၊ အိန္ဒိယတို့နှင့် ဖိလစ်ပိုင် ဆွေးနွေးနေ

ဆန်တင်သွင်းနိုင်ရန်အတွက်  ဗီယက်နမ်၊ အိန္ဒိယတို့နှင့် ဖိလစ်ပိုင် ဆွေးနွေးနေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဖိလစ်ပိုင်သည် ဗီယက်နမ်နှင့် အိန္ဒိယတို့မှ ဆန်တင်သွင်းရန် ဆွေးနွေးနေသည်။

အရန်ဆန် ထားရှိရန်နှင့် ပြည်တွင်း ဆန်ဈေးနှုန်းထိန်းရင် ဆန်တင်သွင်းရခြင်း ဖြစ်သည်။

ဗီယက်နမ် ဆန်ပို့ကုန်လုပ်ငန်းရှင်များသည် မကြာသေးမီက ဆွေးနွေးခဲ့ရာတွင် အမေရိကန် ဒေါ်လာ ၄၀ အထိ ဈေးလျှော့ပေးရန် ကတိကဝတ် ပြုခဲ့ကြသည်။

 

"ယခုနှစ်အတွက် ဆန် မက်ထရစ်တန်ချိန် ၃၀၀၀၀၀ မှ ၅၀၀၀၀၀ အထိ ထပ်မံတင်သွင်းနိုင်ရေးအတွက် အဆင်ပြေဖို့ ဖြစ်လာတယ်လို့ မျှော်လင့်ရပါတယ်" ဟု စိုက်ပျိုးရေးဌာန အကြီးတန်းလက်ထောက်အရာရှိ Domingo Panganiban က ပြောကြားသည်။

 

ဆန်များ အပိုဝယ်ယူမှုသည် ဖိလစ်ပိုင်နိုင်ငံအတွက် ဆန်လက်ကျန်ကို မြှင့်တင်ပေးမည်ဖြစ်သောကြောင့် ဖိလစ်ပိုင်ပြည်တွင်း ဆန်ဈေးကို လျှော့ချနိုင်မည် ဖြစ်သည်။

မတင်သွင်းလျှင်လည်း ယခုနှစ်ကုန်တွင် ၅၂ ရက်စာမှ ၅၇ ရက်စာအထိ ဆန်လက်ကျန် ရှိနေမည် ဖြစ်သည်။

သမ္မတ မားကို့စ်က လာမည့်နှစ် အယ်နီညိုရာသီဥတု ကြုံရပြီးချိန်အထိ ဆန်လက်ကျန် အလုံအလောက် ရှိနေအောင် ဝယ်ယူတင်သွင်းကြဖို့ ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်ကို Myanmar Food Industry Guide တွင် ဖော်ပြခဲ့ပါသည်။

 


ဖိလစ်ပိုင် ဆန်တင်သွင်းမှု မြန်မာဆန် ဒုတိယအများဆုံး တန်ချိန် ၈ သောင်းကျော် တင်သွင်း

https://www.foodindustrydirectory.com.mm/food-industry/cuisine/myanmar/item/6637


အရန်ဆန် တိုးမြှင်ရန် ဖိလစ်ပိုင်သမ္မတ ပြောကြား

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6588


 

 ဖိလစ်ပိုင်သည် ဆန်စပါးကို ကမ္ဘာ့အများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း တိုင်ဖွန်းမုန်တိုင်းများကြောင့် ထုတ်လုပ်မှု လျော့ကျသည်ကို ဖြည့်ဆည်းရန် ဗီယက်နမ်၊ မြန်မာ၊ ထိုင်းတို့ထံမှ ဆန်များကို တင်သွင်းသည်။

 

၂၀၂၂ ခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၃ ဒသမ ၅ သန်း တင်သွင်းခဲ့သည်။

ယခုနှစ်တွင် ဆန် မက်ထရစ်တန်ချိန် ၂ ဒသမ ၅ သန်းခန့် တင်သွင်းမည်။

 

Source Bloomberg News

 To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 13 August 2023 08:29
Rate this item
(0 votes)