Food & Livestock



ဖိလစ်ပိုင် ဆန်တင်သွင်းမှု ဇူလိုင်လထက် ဩဂုတ်လ ပိုများ

ဖိလစ်ပိုင် ဆန်တင်သွင်းမှု ဇူလိုင်လထက် ဩဂုတ်လ ပိုများ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

‌ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုသည် ဇူလိုင်လထက်ဩဂုတ်လတွင် ပိုများခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ စုစုပေါင်း တင်သွင်းသည့် ပမာဏသည် နည်းနေသေးသည်ဟု စိုက်ပျိုးရေးဦးစီးဌာန၏ Bureau of Plant Industry (BPI) က အချက်အလက် ထုတ်ပြန်သည်။

 

 ဇူလိုင်လတွင် ဆန် မက်ထရစ်တန် ၁၅၆,၇၁၁.၇၅ တင်သွင်းခဲ့ပြီး ဩဂုတ်လတွင် ၂၄ ရက်နေ့အထိ ဆန် မက်ထရစ်တန် ၁၈၈,၉၃၃.၈၉ တင်သွင်းခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၂၀.၅၆% ပိုများသည်။

 

ယခုနှစ်တွင် ဆန်အများဆုံး တင်သွင်းသည့် လမှာ ဧပြီလ ဖြစ်ပြီး မက်ထရစ်တန် ၅၁၃,၄၂၅.၁၇ တင်သွင်းခဲ့သည်။

 

ယခုနှစ်တွင် ဩဂုတ်လ ၂၄ ရက်အထိ ဆန် မပ်ထရစ်တန် ၂.၁၈ သန်း တင်သွင်းခဲ့သည်။ ယမန်နှစ် အလားတူကာလတွင် ဆန် မက်ထရစ်တန် ၂.၇၇ သန်း တင်သွင်းခဲ့သည်။

 

ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်ကို အများဆုံးတင်သွင်းသည်။ ယခုနှစ်တွင် မက်ထရစ်တန် ၁.၉၆ သန်း တင်သွင်းခဲ့သည်။ ဆန်တင်သွင်းမှု စုစုပေါင်း၏ ၈၉.၉၆% သည် ဗီယက်နမ်ဆန် ဖြစ်ပါသည်။

• ထိုင်းဆန် ဒုတိယအများဆုံး တင်သွင်းခဲ့ပြီး  ၉၀,၄၈၅ မက်ထရစ်တန် တင်သွင်းခဲ့သည်။

• မြန်မာဆန်ကို တတိယအများဆုံး တင်သွင်းခဲ့ပြီး  ၈၅,၅၄၅ မက်ထရစ်တန် တင်သွင်းခဲ့သည်။

• ပါကစ္စတန်ဆန်ကို စတုတ္ထအများဆုံး တင်သွင်းခဲ့ပြီး ၂၅,၅၂၀.၈၉ မက်ထရစ်တန် တင်သွင်းခဲ့သည်။

• ဖိလစ်ပိုင်သည် အိန္ဒိယဆန်ကိုလည်း တင်သွင်းခဲ့ရာ ၁၃,၂၈၇.၄၉ မက်ထရစ်တန် တင်သွင်းခဲ့သည်။

• ‌ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ အီတလီနှင့် စပိန်တို့ထံမှ ဆန် စုစုပေါင်း ၄,၅၇၀,၇၂ မက်ထရစ်တန် တင်သွင်းခဲ့ပါသည်။

Source Manila Times


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 31 August 2023 21:21
Rate this item
(0 votes)