Food & Livestock

အင်ဒိုနီးရှား ခေတ်ပေါ်ဈေးများတွင် ဆန်ပြတ်လပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားနိုင်ငံ လက်လီရောင်းချသူများ အသင်း Association of Indonesian Retailers (Aprindo) သည် ဝယ်လိုအားများလာခြင်းနှင့် စပါးရိတ်သိမ်းချိန် နှောက်ကျခြင်းတို့ကြောင့် နိုင်ငံအနှံ့ ပရီမီယံဆန်များ ရှားပါးလာကြောင်း အစီရင်ခံတင်ပြခဲ့သည်။

အစိုးရက ယခုနှစ်တွင် ဆန်တန်ချိန် ၅ သိန်း ခန့် တင်သွင်းထားသောကြောင့်  ဆန်လက်ကျန် လုံလောက်မှုရှိသည်ဟု အမျိုးသား စားနပ်ရိက္ခာအေဂျင်စီ National Food Agency (Bapanas) က ပြောသည်။

သမ္မတ ဂျိုကို ဝီဒူဒူ (ဂျိုကိုဝီ)က ဈေးကွက်ထဲ အလျှံပယ် ဖြစ်သည်အထိ ဆန်များ ဖြန့်ဖြူးရန် ညွှန်ကြားထားသဖြင့် သမားရိုးကျ ဈေးကွက်နှင့် ခေတ်‌ပေါ်စျေးကွက်များသို့ ဆန်များဖြန့်ဖြူးရေးကိုအရှိန်မြှင့်တင်မည်ဟု Bapanas က ပြောကြားသည်။

ခေတ်‌ပေါ်စျေးများ “modern markets” အသုံးအနှုန်းသည် အင်ဒိုနီးရှားတွင် စူပါမားကက်များနှင့် မီနီမားကက်များကို ဆိုလိုသည်။

ခေတ်‌ေပါ် စျေးများတွင် ပရီမီယံ အရည်အသွေး ထိပ်စ ဆန်များကိုသာ ရောင်းချကြသည်။ 

သမားရိုးကျ ဈေးများတွင် ပရီမီယံဆန်အပြင် ဈေးသက်သာသည့် အောက်စ ဆန်များ၊ အရည်အသွေး အလယ်အလတ် လတ်စ ဆန်များကိုလည်း ရောင်းချသည်။ 

အင်ဒိုနီးရှား ဆန်ဈေးကွက်ထဲသို့ အဓိက ရင်းမြစ်နှစ်မျိုးထံမှ ဆန်များ စီးဝင်သည်။ 

ပုဂ္ဂလိက ကုမ္ပဏီများမှ ရောင်းချသည့် ဆန်များနှင့် အစိုးရ လော့ဂျစ္စတစ် အေဂျင်စီ State Logistics Agency (Bulog)  မှ ရောင်းချသည့် ဆန်များ ဖြစ်ပါသည်။

Bulog သည် ဆန်ဈေးကွက်ထဲ ဆန်ဈေး မြင့်မတက်အောင် ထိန်းပေးရန်အတွက် အရန်ဆန် သိုလှောင်ထားသည့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ထုတ်ရောင်းပေးသည်။ 

 ခေတ်ပေါ်ဈေးများဖြစ်သည့် စူပါမားကက်များ၊ မီနီမားကက်များတွင် ရောင်းချသည့်ဆန်များသည် ပုဂ္ဂလိကကဏ္ဍ ရင်းမြစ်ထံမှ လာသည်။

ခေတ်ပေါ်ဈေးများတွင် ဆန်များ ပျောက်နေရသည့် အကြောင်းရင်းမှာ ပရီမီယံ လက်ကားဈေးနှုန်းသည် အစိုးရက ပြဋ္ဌာန်းထားသည့် အများဆုံး ဈေးနှုန်းထက် မြင့်နေသောကြောင့် ဖြစ်သည်။

ဖြစ်ပေါ်နေသည့် လက်ကားဈေးနှုန်းမှာ ရူပီယာ ၁၇,၀၀၀ ဖြစ်ပြီး အစိုးရပြဋ္ဌာန်းဈေးနှုန်းမှာ ရူပီယာ ၁၅,၅၀၀ ဖြစ်ပါသည်။

သို့ဖြစ်ရာ ခေတ်ပေါ်ဈေးများသည် ဆန်အရောင်း ရပ်ထားရသဖြင့် စူပါမားကက်များတွင် ဆန်များ ပြတ်လပ်နေသည်။

Source ann

Read times
Rate this item
(0 votes)