Food & Livestock



ဆန် လျှော့ဈေးဖြင့် ကုန်သည်များ ဝယ်ယူနိုင်ရန် မလေးရှား အစိုးရ စီစဉ်

ဆန် လျှော့ဈေးဖြင့် ကုန်သည်များ ဝယ်ယူနိုင်ရန် မလေးရှား အစိုးရ စီစဉ်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

မလေးရှားနိုင်ငံ စပါးနှင့် ဆန် ကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးချုပ် Azman Mahmood က စူပါမားကတ်များတွင် ပြည်တွင်းဆန်ဖြူများကို ဆက်လက် တိုးမြှင့်ဖြည့်တင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

 

ပြည်တွင်းဆန်ဖြူ ပြတ်လပ်မှုပြဿနာကို ယခုနှစ်ကုန်တွင် အပြည့်အဝ ကျော်လွှားနိုင်မည်ဟု မျှော်လင့်ရသည်ဟု ၎င်းက ပြောကြားသည်။

 

ကုန်သည်များထံ ရောင်းချပေးနေသည့် ဆန်များကို လျှော့စျေးဖြင့် ရောင်းချပေးခြင်းသည် စားသုံးသူများအတွက် ဆန်ဈေးနှုန်း ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် စပါးနှင့် ဆန် ကြီးကြပ်ရေးဌာနခွဲမှ ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ဝန်ကြီးဌာန လက်အောက်ရှိ စပါးနှင့် ဆန်ကြီးကြပ်ရေးဌာနခွဲက အသေးစား လက်ကားရောင်းချသူ ၁၀၃ ဦးကို လက်ကားလိုင်စင် ထုတ်ပေးမည် ဖြစ်သည်။

ပြည်ပမှ တင်သွင်းသည့် ဆန်ဖြူ ဝယ်ယူခွင့် ရရှိသည့် လက်ကားလိုင်စင်ရ ကုန်သည်လုပ်ငန်းရှင်များအား လက်ကားဈေး (ဂိုဒေါင်ဈေး) ၅၀ ကီလိုဂရမ်ကို ရင်းဂစ် ၁၆၀ ဖြင့် ရောင်းချပေးမည်။

 

ဘာစမာတီဆန်မှာ အထူးဆန် ဖြစ်သဖြင့် လျှော့ဈေးဖြင့် ရောင်းချပေးမည့်အထဲ အကျုံးမဝင်ပါ။ ဈေးကွက်ထဲ ပေါက်ဈေး အတက်အကျ ရှိနေမည် ဖြစ်သည်။ 

 

ဖက်ဒရယ်စိုက်ပျိုးရေးစျေးကွက်ဘုတ်အဖွဲ့ Federal Agricultural Marketing Board (Fama) ၏ဆိုင်ခွဲပေါင်း ၄၁ ခုနှင့် တောင်သူလယ်သမားအဖွဲ့အစည်း ဘုတ်အဖွဲ့Farmers' Organization Board၏ နိုင်ငံလုံးဆိုင်ရာ ဆိုင်ခွဲပေါင်း ၁,၄၀၀ တို့တွင်လည်း ဆန်များ ရောင်းချပေးသွားမည်။

Source FMT 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 17 September 2023 17:18
Rate this item
(0 votes)