Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်စပါးအဆင့်အတန်းနှင့်အလေးချိန် စံသတ်မှတ်ရန် IFC နှင့်ပူးပေါင်း ဆောင်ရွက်မည်

ပြည်ပတင်ပို့မှုစံချိန်သစ် တင်ခဲ့ပြီးနောက် စပါးနှင့် ဆန်အ ဆင့်အတန်း၊ အလေးချိန်နှင့်အခြင်အတွယ် စံသတ်မှတ်နိုင်ရေး မြန်မာနိုင်ငံ

ဆန်စပါးအသင်းချုပ်က နိုင်ငံတကာဘဏ္ဍာရေးကော်ပို ရေးရှင်း(IFC)နှင့်ပူးပေါင်းဆောင် ရွက်ရန် မေလ ၂၉ ရက်က နား လည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့သည်။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပဆန်တင်ပို့မှု တန်ချိန် ၃ ဒသမ ၅ သန်းကျော်ဖြင့် နှစ် ၇၀ အတွင်း ပထမဆုံးစံချိန်သစ်တင်ခဲ့ ပြီးနောက် အရည်အသွေးကောင်း ထုတ်ကုန်များနှင့် တန်းမြင့်ဆန် များထုတ်လုပ်တင်ပို့နိုင်ရန် စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် အရည်အသွေးစီမံခန့်ခွဲမှုကို နိုင်ငံတကာ စံနှုန်းနှင့် တူညီရန် ဆောင်ရွက် ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူများ က ပြောသည်။

 

‘‘နိုင်ငံတကာတင်ပို့တဲ့အခါ နိုင်ငံတကာလိုအပ်ချက်နဲ့ ကိုက် ညီဖို့အပြင် စားနပ်ရိက္ခာဖြစ်တဲ့အ တွက် ဘေးကင်းလုံခြုံစိတ်ချဖို့ လည်း လိုနေတယ်’’ဟု မြန်မာနိုင် ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦး ချစ်ခိုင်က ပြောသည်။

 

နိုင်ငံတော်က စပါးတစ်တင်းတွင် ၄၆ ပေါင်နှုန်းသတ်မှတ်ထားသော် လည်း ကျေးလက်ဒေသတွင် ကုန် သည်များဝယ်ယူနေသည်က တစ်တင်း ပေါင် ၅၀၊ ၅၁ ပေါင်သတ်မှတ်ထားသော အခြင်အ တွယ်ကို အသုံးပြုနေသည်။ ထို့အ ပြင် ဈေးနှုန်းကိုလည်း ၄၆ ပေါင်ဈေးနှုန်းနှင့် ပေါင် ၅၀ ဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၅၀,၀၀၀ အထိ ကွာခြား ကြောင်း ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။

 

လက်ရှိ နိုင်ငံတကာဘဏ္ဍာ ရေးကော်ပိုရေးရှင်းက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း ဆောင်ရွက်ပါက အခြင်အတွယ် ပိုင်းနှင့်ပတ်သက်၍ ပိုမို အဆင်ပြေ လာမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများက ပြောသည်။

 

ထို့ကြောင့် ထိုင်း၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ် နိုင်ငံများမှ ဆောင်ရွက်ချက်များကို အခြေခံကာ မြန်မာနိုင်ငံနှင့် ကိုက်ညီ သည့် အကြံပြုချက်များရယူနိုင် ရန် နိုင်ငံတကာဘဏ္ဍာရေးကော် ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက် ရန် စီစဉ်ရကြောင်း ၎င်းက ပြောကြားသည်။

 

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို တန်ချိန် လေးသန်းအထိ ရောက်ရှိအောင် လျာထား ဆောင်ရွက်မည်ဟု ဦးချစ်ခိုင်က ဆိုသည်။

 

‘‘IFC ဟာဆိုရင် မြန်မာနိုင်ငံ ရဲ့တိုးတက်နေတဲ့ ဆန်စပါးဈေး ကွက်ကို ပိုမိုအားကောင်းပြီး အာရှမှာ ဦးဆောင်ဆန်ပို့တဲ့ နိုင်ငံဖြစ် အောင် ကူညီပေးနိုင်တဲ့အခြေအ နေမှာရှိပါတယ်’’ဟု နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏နိုင် ငံတွင်း တာဝန်ခံမန်နေဂျာ ဗီက ရမ်ကူးမားက ပြောသည်။ မြန်မာ နိုင်ငံဆန်စပါးထုတ်လုပ်မှုနှင့် အ ရည်အသွေးထိန်းသိမ်းမှုတွင် အဓိ ကပါဝင်သူများကို အကူအညီပေး မည်ဟု ၎င်းက ဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:29
Rate this item
(0 votes)