Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အစာဈေးတက် အသားတိုးကြက်မွေးသူတွေ အရှုံးပေါ်

ဒီရက်ပိုင်းမှာ အသားတိုးကြက်ခြံဖမ်းဈေးတွေကျနေပြီး အစာဈေး နှစ်ဆမြင့်တက်တာကြောင့် ကြက်ခြံလုပ်ငန်းရှင်တွေ အရှုံးပေါ်နေပါတယ်။

 

နွေရာသီတုန်းက ကြက်တစ်ပိဿာကို ၃၅၀၀ ကျပ် ၄၀၀၀ (ခြံဖမ်းဈေး) ရှိတယ်။ အခုလထဲမှာာကက်တစ်ပိဿာ ၂၇၅၀ ကျပ်၊ ၂၈၀၀ ကျပ်အထိ ကျလာတယ်။

 

အစာဈေးတက်နေတာက လေးငါးလလောက်ရှိပြီး ကြက်ဈေးက ကျတာ တစ်လလောက်ပဲရှိသေးတာ။ တစ်ပိဿာကို ၂၀၀ ကျပ်လောက်ရှုံးနေတယ်လို့ နေပြည်တော်က ကြက်မွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာကိုကိုနိုင်ကပြောပါတယ်။

 

ကြက်တစ်ပိဿာရဲ့  ထုတ်လုပ်မှုဈေးနှုန်းဟာ ၂၉၀၀ ကျပ် ကျော်လောက် ရှိနေတာကြောင့် အရှုံးပေါ်နေတာ ဖြစ်ပါတယ်။ တစ်ပိဿာချင်းကို ၂၀၀ ကျပ်လောက် ရှုံးနေတာကြောင့် အရှုံးများနေတယ်လို့ သိရပါတယ်။

 

အသားတိုးကြက်တစ်ကောင်ရဲ့  အလေးချိန်ဟာ တစ်ပိဿာနဲ့ တစ်ပိဿာခွဲကြားမှာရှိပါတယ်။

 

အခုအချိန်က ကြက်သားက ဒီအချိန်ဝါတွင်းရက်ဆိုတော့ ရောင်းအားလဲ ကျနေတယ်။ အလှူမင်္ဂလာဆောင်မရှိတော့ စားသုံးသူသိပ်မရှိဘူးလေလို့ ဒေါက်တာကိုကို၏နိုင်က ပြောပါတယ်။

 

အသားတိုးကြက်ခြံဖမ်းဈေးနှုန်းကျဆင်းနေပေမယ့် နေပြည်တော် သပြေကုန်းဈေးထဲမှာ အသားတိုးကြက်သားဈေးနှုန်းက မကျပါဘူး။ ကြက်သားလက်လီဈေးနှုန်းတစ်ပိဿာ ၆၀၀၀ ကျပ် ဖြစ်ပါတယ်။

 

ပြည်တွင်းကုန်ကြမ်းဈေးက မတက်ပါဘူး။ သို့ပေမယ့် ကုန်ကြမ်းနဲ့ ရောရတဲ့ဆေးတွေက နိုင်ငံခြားကနေ ၀ယ်ရတာလေ။ ဒေါ်လာဈေးတက်တော့ အဲဒီဆေးဈေးတွေပါ တက်လာလို့ အစာဈေးတက်လာတာပါလို့ နယ်သာလန်အခြေစိုက် အစာထုတ်ကုမ္ပဏီတစ်ခုက နေပြည်တော်အရောင်းတာဝန်ခံ ဒေါက်တာ မေသွေးကိုက ပြောပါတယ်။

 

ကြက်ခြံတွေ အရှုံးပေါ်နေပေမယ့် တခြားလုပ်စရာအလုပ်မရှိလို့ ပြန်တက်လာမယ့် ဈေးကို မျှော်လင့်ရင်း ဆက်လုပ်နေရတယ်လို့ ကြက်မွေးမြူသူ တစ်ဦးဆီက သိရပါတယ်။

 

ဒီနှစ်ဟာ ကြက်စာဈေးနှုန်းအမြင့်ဆုံးနှစ်ဖြစ်နေတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကြက်ကြီးစာ တစ်ပိဿာကို ၁၁၁၀ ကျပ် ရှိခဲ့တာဖြစ်ပြီး အခုလတ်တလောမှာတော့ တစ်ပိဿာကို ၁၁၈၅ ကျပ် ရှိနေတယ်လို့ သိရပါတယ်။

 

လွန်ခဲ့တဲ့ လေးလလောက်ကနေစပြီး ကြက်စာဈေးနှုန်း မြင့်တက်လာမှုဟာ ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေကို နေ့စဉ်အရှုံးပေါ်စေတယ်လို့ သိရပါတယ်။

 

Source: Kumudra

Read times
Rate this item
(1 Vote)