Food & Livestock



တရုတ်ပြည်မှာ ဝက်သား ဝယ်လိုအား မကြုံစဖူး လျော့ကျ

တရုတ်ပြည်မှာ ဝက်သား ဝယ်လိုအား မကြုံစဖူး လျော့ကျ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

တရုတ်နိုင်ငံတွင် ဝက်သားသည် အများဆုံး စားသုံးကြသည့် အသားဖြစ်ပြီး များသောအားဖြင့် ဝက်သားစားသုံးမှု များပြားသည့်အချိန်ကာလတွင် ဝယ်လိုအား မြင့်တက်ရမည့်အစား လျော့ကျနေသည်။

ယခုနှစ်တွင် အမျိုးသားနေ့ တပတ်တာ ရုံးပိတ်ရက်ဖြစ်သည့် ရွှေသီတင်းပတ် Goldeen Week မတိုင်ခင်တွင် လမုန့်ပွဲတော်ရက် ရောက်ရှိသည်။

 စက်တင်ဘာလ ၂၉ ရက်တွင် ကျရောက်သည့် ဆောင်းဦးလယ် လမုန့်ပွဲတော်တွင် မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ အတူဆုံကြပြီး စားကြသောက်ကြလေ့ရှိသည်။ ဝက်ဗိုက်သား ဟင်းလျာ၊ ဝက်နံရိုး ဟင်းလျာတို့ကို စားကြ‌‌ေလ့ရှိသဖြင့် ဝက်သားဝယ်လိုအား မြင့်တက်လေ့ ရှိသည်။ ယခုနှစ်တွင် ဝက်သား ရောင်းအား မြင့်မတက်၊ ပုံမှန်အတိုင်းသာ ဆက်ရှိနေခဲ့သည်။ ရောင်းချရန် ဝက်သားများက အလျှံပယ် ဖြစ်နေခဲ့သည်။ ရွှေသီတင်းပတ်တွင်လည်း ဝက်သားရောင်းအား သိသိသာသာ မြင်တက်ခဲ့ခြင်း မရှိချေ။ ဝက်နှင့် ဝက်သားဈေး မြင့်တက်နေကျ ဖြစ်ပါလျက် ဈေးကျနေခဲ့သည်။

 

နိုင်ငံ့ စီးပွားရေး အားပျော့နေခြင်းနှင့် ဝင်ငွေ မသေချာ မရေရာမှုများသည် တရုတ်နိုင်ငံ၏ ကုန်စည်ဈေးကွက်အားလုံးကို အတိုင်းအတာတစ်ခုအထိ ထိခိုက်ခဲ့သည်။

 

“ဝက်သားက ရောင်းမကောင်းဘူး” ဟု ရှန်ဟိုင်းမြို့ရှိ စားသောက်ဆိုင်များကို ထောက်ပံ့ပေးနေသည့် လက်ကားရောင်းချသူ Yao Shangli က ပြောသည်။

“အခု စီးပွားရေး အခြေအနေကို ကြည့်လိုက်ပါ။ စီးပွားရေးက မကောင်းဘူး။ ဝယ်လိုအား မရှိဘူး။ အားလပ်ရက်ရှည် မတိုင်ခင် များများစားစား ကြိုဝယ်ထားတာမျိုးတွေ မတွေ့ရဘူး" ဟု ၎င်းက ပြောသည်။

 

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံမှ  သားငါးဈေးများတွင် လတ်ဆတ်သော ဝက်သားရောင်းချမှု နှေးကွေးခဲ့ကြောင်း Citic Futures ကုမ္ပဏီမှ ပြောကြားခဲ့သည်။ မနက်ခင်း ရောင်းလို့ ကုန်နေကျ ဝက်သားသည် မွန်းလွဲပိုင်းအထိ ကျန်နေဆဲ ဖြစ်သည်။

 

 ဝက်သား ရောင်းမကောင်းသဖြင့် ဝက်ဈေးနှုန်းများ နိုင်ငံတလွှား ဈေးကျသည်။ လက်ကားဈေးနှုန်းများသည် စက်တင်ဘာလတွင် ၅% ကျဆင်းသည်။ ဝက်သားပေါ်သည့် ဝက်အရေအတွက် လျော့ကျနေသည်။ 

 

 

photo_2023-10-04_10-17-47.jpg

 

ဝက်မွေးမြူသူများ အမြတ်ရဖို့ ခဲယဉ်းနေသည်။ ဝက်အဝယ်နည်းသဖြင့် ဝက်များကို မွေးမြူထားရသည့် ရက်များ ပိုကြာပြီး နေ့စဉ်နှင့်အမျှ စရိတ်တက်နေသည်။ အာဖရိက ဝက်တုပ်ကွေး ကဲ့သို့သော ကူးစက်ရောဂါတို့အတွက် ကာကွယ်ဆေး စရိတ် ပိုကုန်သည်။ ဝက်အစာဖိုးက ဈေးတက်နေသည်။ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ကျရောက်မည့် ဝက်သား ရောင်းအားကောင်းသည့် တရုတ်နှစ်သစ်ကူးပွဲတော်ရာသီတွင် ရောင်းအား ပြန်ကောင်းမည်ဟု မျှော်လင့်ထားကြသည်။ 

 

Source yahoo 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 04 October 2023 10:23
Rate this item
(0 votes)