Food & Livestock



ကမ္ဘောဒီးယားဆန် တနှစ် တန်ချိန် ၁ သန်း တင်ပို့ရန် ရည်မှန်း

ကမ္ဘောဒီးယားဆန် တနှစ် တန်ချိန် ၁ သန်း တင်ပို့ရန် ရည်မှန်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

 

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ရှစ်လတွင် ဆန်တန်ချိန် လေးသိန်းကျော် တင်ပို့နိုင်ခဲ့ပြီး နှစ်စဉ် ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ကမ္ဘောဒီးယားနိုင်ငံမှ မျှော်မှန်းထားသည်။

 

အင်ဒိုနီးရှားသည် နှစ်စဉ် ကမ္ဘောဒီးယားဆန် တန်ချိန် ၂၅၀,၀၀၀ တင်သွင်းရန် စီစဉ်ထားကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

နှစ်နိုင်ငံအစိုးရတို့သည် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၂၄ ခုနှစ်တွင် စတင် တင်ပို့မည် ဖြစ်သည်။

 

၎င်းအမှာစာ နှစ်စဉ်ရရှိမည် ဖြစ်သဖြင့် ၂၀၂၅ ခုနှစ်တွင်  တစ်နှစ်လျှင် ဆန် တန်ချိန် ၁ သန်း တင်ပို့နိင်ရန် အလားအလာ ကောင်းသွားစေသည်။

 

ထို့အပြင်  ဖိလစ်ပိုင်ကဲ့သို့သော အခြားနိုင်ငံများကလည်း ကမ္ဘောဒီးယားမှ ဆန်တင်သွင်းရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) က ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း နိုင်ငံပေါင်း ၅၆ နိုင်ငံသို့ ဆန် ၄၀၁,၆၉၉ တန် တင်ပို့ခဲ့ကြောင်း အချက်အလက် ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် ဆန်တင်ပို့ရန် လျာထားချက်ကို ၅၈% ပြည့်မီသွားပြီဟု အသင်းချုပ်က ပြောကြားသည်။

 

“အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေဆီက ကမ္ဘောဒီးယား ဆန်ဝယ်လိုအား တိုးလာတာကြောင့်  ၂၀၂၅ မှာ ပြည်ပကို ဆန်တန်ချိန် ၁ သန်း တင်ပို့နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုရေး တာဝန်ခံ  Pen Sovicheat က ပြောကြားသည်။

 

Source khmertimeskh 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 25 September 2023 20:10
Rate this item
(0 votes)