Food & Livestock
အဖွဲ့ဝင်များ၏ ဆန်လိုအပ်ချက်ကို ဦးစားပေးဆောင်ရွက်ရန် အာဆီယံနိုင်ငံများ သဘောတူ
အဖွဲ့ဝင်များ၏ ဆန်လိုအပ်ချက်ကို ဦးစားပေးဆောင်ရွက်ရန် အာဆီယံနိုင်ငံများ သဘောတူ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အရှေ့တောင်အာရှနိုင်ငံများသည် ဆန်ပြတ်လပ်မှုနှင့် အခြားစားနပ်ရိက္ခာဆိုင်ရာ ပြဿနာများကို ကျော်လွှားနိုင်ရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံအချင်းချင်း ကူညီရေးကို ဦးစားပေးလုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း မလေးရှား နိုင်ငံပိုင်သတင်းဌာန Bernama က ဖော်ပြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ယခုသီတင်းပတ်အတွင်း ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် သဘောတူညီချက် ရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu က အောက်တိုဘာ ၆ ရက်တွင် ပြောကြားသည်။
"အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအရ တကယ်လို့ ကျွန်တော်တို့ ဆန်ပြဿနာနှင့် ရင်ဆိုင်ရပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများက အာဆီယံနိုင်ငံများကို ဦးစားပေးမယ်" ဟု ၎င်းက ပြောကြားသည်။
ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့က ၎င်းတို့သည် ဆန်ဝယ်ယူရန်အတွက် တောင်းဆိုမှုအသစ်များကို စဉ်းစားပေးမည်ဖြစ်ကြောင်း Mohamad က ပြောကြားသည်။
ပြည်တွင်း ဆန်လိုအပ်ချက်၏ ၃၈ ရာခိုင်နှုန်းခန့်ကို တင်သွင်းသည့် မလေးရှားနိုင်ငံသည် ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယ၏ ဆန်တင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခြင်းကြောင့် ထိခိုက်သော နိုင်ငံများတွင် ပါဝင်သည်။
Source cna
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL