Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတကာ ဈေးကွက်ဝင် ကော်ဖီများ ဈေးနှုန်း တည်ငြိမ်ရန် တိုးချဲ့ စိုက်ပျိုးခြင်းနှင့် အရည်အသွေးမြှင့် ခြင်းများ ပြုလုပ်မည်

ပြည်ပနိုင်ငံများမှ ကြိုက်နှစ်သက်မှုများပြား လာကာ နိုင်ငံတကာ ဈေးကွက်ဝင်လာသည့်   မြန်မာ့ကော်ဖီများကို   

ဈေးကွက်တည်ငြိမ်စေရန်  ပြည်တွင်း၌ တိုးချဲ့စိုက်ပျိုးခြင်းနှင့် အရည်အသွေးမြှင့်ခြင်းတို့    တစ်ပြိုင်နက် တည်းပြုလုပ် မည်ဖြစ်ကြောင်း မြန်မာ့ကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်ထံမှ သိရပါတယ်။

 

လတ်တလောတွင် ကော်ဖီအထွက်နှုန်း နည်းပါးနေပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရာတွင် တခြားနိုင်ငံများမှ ထွက်ရှိသည့်ကော်ဖီများထက် ဈေးနှုန်းမြင့်မားနေသည့် အတွက် အထွက်နှုန်းမြင့်မားစေရန် ဆောင်ရွက်နေ ရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

''ကော်ဖီက နိုင်ငံတကာ အပါအဝင် ဒေသတွင်းမှာပါ အထွက်နှုန်းနည်းနေတဲ့အတွက် ဈေးနှုန်းက  များနေတယ်။  ဒီလိုမဖြစ်ဖို့ အထွက်နှုန်းတိုးဖို့ လိုပါတယ်။ နိုင်ငံတကာကို  ရောင်းနိုင်တဲ့  ဈေးနှုန်းဖြစ်ဖို့  လိုပါတယ်။

 

အဲဒီအတွက် တိုးချဲ့စိုက်ပျိုးဖို့လုပ်နေပါတယ်'' ဟု ဦးမင်းလှိုင်က ပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် မြေဧက ၈ဝဝ ၌ ကော်ဖီ လုပ်ကွက်များ  ပြန်လည်ဖော်ဆောင်နေပြီး အဓိက အားဖြင့် ကော်ဖီစိုက်ဧကများ ရှိနေသည့် ပြင်ဦးလွင်၊ မြစ်ကြီးနား၊ တာချီလိတ်နှင့် ကယားပြည်နယ်တို့၌ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီများသည် နိုင်ငံတကာ ဈေးကွက်ဝင်နေပြီး လက်ရှိတွင် အရည်အသွေးပေါ် မူတည်၍ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ  ၄ ဒသမ ၅ ဒေါ်လာမှ  ၇ ဒေါ်လာအထိ  ဈေးနှုန်းရရှိနေကြောင်း၊ ကော်ဖီစေ့ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄ဝဝဝ မှ ၇ဝဝဝ ကျော် ပေါက်ဈေးရှိကြောင်းနှင့် မြန်မာ့ကော်ဖီမှာ တစ်နှစ်လျှင် မက်ထရစ် တန်ချိန်  ၇ဝဝဝ မှ ၈ဝဝဝ ကြား  ထွက်ရှိကြောင်း သိရပါတယ်။

 

ကော်ဖီကို ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံနှင့်  မိုးကုတ်ဒေသတို့၌ အများဆုံး စိုက်ပျိုးကြပြီး   နိုဝင်ဘာလမှ မတ်လအထိ ထွက်ရှိကြောင်း  သိရပါတယ်။

 

Source: Myawady

 

Read More >>>>>  စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်ကဏ္ဍများအတွက် အပေါင်မဲ့ ချေးငွေကို ဦးစားပေးထုတ်ချေး

Read times Last modified on Tuesday, 18 September 2018 11:43
Rate this item
(5 votes)