Food & Livestock



ပြောင်းတန်ချိန် ၅သိန်း အင်ဒိုနီးရှား တင်သွင်းမည်

ပြောင်းတန်ချိန် ၅သိန်း အင်ဒိုနီးရှား တင်သွင်းမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မွေးမြူရေးအစာဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် အင်ဒိုနီးရှား အစိုးရက ပြောင်းတန်ချိန် ၅၀၀,၀၀၀ တင်သွင်းရန် စီစဉ်နေကြောင်း အမျိုးသားစားနပ်ရိက္ခာအေဂျင်စီNational Food Agency  (Bapanas) က ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၁)တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

Bapanas အကြီးအကဲ Arief Prasetyo က နိုင်ငံ ကုန်စည်လက်ကျန် အချက်အလက်များအပေါ် အခြေခံ၍ တွက်ချက် ခန့်မှန်းရာ၌ ယခုနှစ် စတုတ္ထသုံးလပတ်တွင် ပြောင်းဆန် မလုံ‌မလောက် ဖြစ်မည်ဟု အစိုးရက မျှော်လင့်ထားကြောင်း ရှင်းပြသည်။

ထို့ကြောင့် မွေးမြူရေးအစာ ပြောင်းပြတ်လပ်မှုကြောင့် အစာဈေးနှုန်းများ မြင့်တက်ခြင်း မဖြစ်ပွားအောင် ပြည်ပမှ ပြောင်းများ တင်သွင်းပြီး ဖြည့်တင်းပေးမည်ဟု ၎င်းက ပြောကြားသည်။

 

"ပထမအသုတ်မှာ တန်ချိန် ၂၅၀,၀၀၀ နဲ့ စတင်မှာပါ” ဟု Arief က ပြောကြားသည်။

 

Source Jakartapost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 12 October 2023 19:28
Rate this item
(1 Vote)