Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးရှဉ့်စျေးကောင်းသည့်အတွက် ငါးရှဉ့်ဖမ်းသူများ အဆင်ပြေ

***  Unicode ***


ငါးရှဉ့်စျေးကောင်းသည့်အတွက် ငါးရှဉ့်ဖမ်းသူများ အဆင်ပြေ

မန္တလေးမြို့အနီးရှိ ကျေးလက်ဒေသများတွင် ငါးရှဉ့်ထောင်သည့် လုပ်ငန်းဖြင့် အသက်မွေးသူ များပြားလျက်ရှိရာ ငါးရှဉ့်စျေးကောင်းသည့် အတွက် ငါးရှဉ့်ဖမ်းသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ငါးရှဉ့်ဖမ်းသူများသည် ငါးရှဉ့်ထောင်သည့် ပုံးများကို ကိုယ်တိုင်ရက်လုပ်ကြပြီး တစ်ဦးလျှင် ငါးရှဉ့်ပုံး ၁ဝဝ ကျော်အထိ ရက်လုပ်နိုင်သည်။

 

Ice Factories ရေခဲသိုုလှောင်ခန်းပေါင်း ၇၇ ခုကိုရှာရန်နှိပ်ပါ။

 

ငါးရှဉ့်ထောင်ရာတွင် ငါးရှဉ့်ပုံးအတွင်း ပုစွန်ပုပ်နှင့်အတူ တီနံ့ပါသော အစာတို့ကို ထည့်သွင်းကြရသည်။ ပုစွန်အနံ့၊ တီအနံ့ရသည်နှင့် ပုံးအတွင်းသို့ ငါးရှဉ့်များ ဝင်လာကာ ပြန်ထွက်မရအောင် စီမံထားကြသည်။

 

ညနေပိုင်းတွင်  ငါးရှဉ့်ပုံးများကို လယ်ကြားမြောင်းကြား ရေရှိသည့်   ချိုင့်နေရာများ၌ ငါးရှဉ့်ပုံးထောင်ပြီး  နံနက်ခင်းပိုင်းတွင်  လိုက်လံသိမ်းယူလေ့ရှိသည်။ ငါးရှဉ့်ထောင်ရာတွင်  တစ်ပုံးလျှင် ၂၅ ကျပ်သား၊ ၅ဝ ကျပ်သားအထိ မိသည်လည်း ရှိပြီး တစ်နေ့လျှင်   အနည်းဆုံး  သုံးပိဿာမှ ခြောက်ပိဿာကျော်အထိ ဖမ်းမိသည်။ လက်ရှိကာလတွင် ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ရောင်းချနေရသည့်အတွက် ငါးရှဉ့်ဖမ်းသူများ  အဆင်ပြေလျက် ရှိကြောင်း သိရသည်။    

 

Read More >>>>>   ဆေးဖက်ဝင်မုန်ညင်းစိမ်း အပင်ရှည်မျိုး စိုက်ပျိုးသူ နည်းပါးလာ

 

Source: Myawady

 

 

 

 

ငါးရွဥ့္ေစ်းေကာင္းသည့္အတြက္ ငါးရွဥ့္ဖမ္းသူမ်ား အဆင္ေျပ

 

မႏၲေလးၿမိဳ႕အနီးရိွ ေက်းလက္ေဒသမ်ားတြင္ ငါးရွဥ့္ေထာင္သည့္ လုပ္ငန္းျဖင့္ အသက္ေမြးသူ မ်ားျပားလ်က္ရိွရာ ငါးရွဥ့္ေစ်းေကာင္းသည့္ အတြက္ ငါးရွဥ့္ဖမ္းသူမ်ား အဆင္ေျပလ်က္ရိွေၾကာင္း သိရသည္။

 

ငါးရွဥ့္ဖမ္းသူမ်ားသည္ ငါးရွဥ့္ေထာင္သည့္ ပုံးမ်ားကို ကိုယ္တုိင္ရက္လုပ္ၾကၿပီး တစ္ဦးလွ်င္ ငါးရွဥ့္ပုံး ၁ဝဝ ေက်ာ္အထိ ရက္လုပ္ႏုိင္သည္။

 

Ice Factories ေရခဲသိုုေလွာင္ခန္းေပါင္း ၇၇ ခုကိုရွာရန္ႏွိပ္ပါ။

 

ငါးရွဥ့္ေထာင္ရာတြင္ ငါးရွဥ့္ပုံးအတြင္း ပုစြန္ပုပ္ႏွင့္အတူ တီနံ႔ပါေသာ အစာတို႔ကို ထည့္သြင္းၾကရသည္။ ပုစြန္အနံ႔၊ တီအနံ႔ရသည္ႏွင့္ ပုံးအတြင္းသို႔ ငါးရွဥ့္မ်ား ဝင္လာကာ ျပန္ထြက္မရေအာင္ စီမံထားၾကသည္။

 

ညေနပိုင္းတြင္  ငါးရွဥ့္ပုံးမ်ားကို လယ္ၾကားေျမာင္းၾကား ေရရိွသည့္   ခ်ဳိင့္ေနရာမ်ား၌ ငါးရွဥ့္ပုံးေထာင္ၿပီး  နံနက္ခင္းပိုင္းတြင္  လိုက္လံသိမ္းယူေလ့ရိွသည္။ ငါးရွဥ့္ေထာင္ရာတြင္  တစ္ပုံးလွ်င္ ၂၅ က်ပ္သား၊ ၅ဝ က်ပ္သားအထိ မိသည္လည္း ရိွၿပီး တစ္ေန႔လွ်င္   အနည္းဆုံး  သုံးပိႆာမွ ေျခာက္ပိႆာေက်ာ္အထိ ဖမ္းမိသည္။ လက္ရိွကာလတြင္ ငါးရွဥ့္တစ္ပိႆာလွ်င္ ေငြက်ပ္ ၁ဝဝဝဝ ႏႈန္းျဖင့္ ေရာင္းခ်ေနရသည့္အတြက္ ငါးရွဥ့္ဖမ္းသူမ်ား  အဆင္ေျပလ်က္ ရိွေၾကာင္း သိရသည္။    

 

Read More >>>>>   ေဆးဖက္ဝင္မုန္ညင္းစိမ္း အပင္ရွည္မ်ဳိး စိုက္ပ်ဳိးသူ နည္းပါးလာ

 

Source: Myawady

 

Read times Last modified on Tuesday, 11 February 2020 13:33
Rate this item
(0 votes)