Food & Livestock



အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

TO GET INSTANT UPDATE 
https://t.me/Guid4U
JOIN THE CHANNEL 

၅% ဆန်ကွဲပါ အိန္ဒိယပေါင်းဆန် ဈေးန‌ှုန်း ယခုအပတ် ဆက်လက်ကျဆင်းသည်။ ယခင်အပတ်က ခေါ်ဈေး တစ်မက်ထရစ်တန် $510-$520 သို့ ကျဆင်းခဲ့ပြီး ယခင်သီတင်းပတ်တွင် $495-$505 သို့ ထပ်မံကျဆင်းသည်။ ဈေးကျဆင်းလာနေသည်မှာ လေးပတ်ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။

အောက်တိုဘာလ ၁၃ ရက်တွင် အိန္ဒိယ အစိုးရက ပေါင်းဆန်အပေါ် ပို့ကုန်ခွန် ၂၀% စည်းကြပ်သည်ကို ၂၀၂၄ ခုနှစ် မတ်လအထိ သက်တမ်းတိုးမြှင့်ခဲ့သည်။
စပါးအသစ်ပေါ်ချိန်ဖြစ်သဖြင့် စပါးဈေးနှုန်းများ လျော့ကျသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် ဆန်ဈေးနှုန်ူးများကို လျှော့ချပြီး ရောင်းချနိုင်စေသည်။

အိန္ဒိယ အစိုးရက ဘာစမာတီဆန်ကို တင်ပိုခွင့် ပေးထားသော်လည်း အနည်းဆုံး ပို့ကုန်ဈေးနှုန်း minimum export price MEP ကို တတန်လျှပ် $1200 ဟု ဈေးအမြင့် ပြဋ္ဌာန်းထားသည်ကို လျှေယ့ချ သတ်မှတ်ပေးလိမ့်မည်ဟု သတင်းထွက်ပေါ်သော်လည်း လက်တွေ့ ဖြစ်မလာသေးပါ။

၅% ဆန်ကွဲပါ ဗီာက်နမ်ဆန် ခေါ်ဈေး တစ်မက်ထရစ်တန် ယခင်အပတ်က $625-$630 ရှိခဲ့ပြီး ယခုအပတ် $640-$645 သို့ မြင့်တက်လာသည်။

"ပြည်တွင်းမှာ ဈေးကွက်ထဲ ဆန်ဝင်တာ ပုံမှန်ပဲ။ ပြည်ပ ဝယ်လိုအားက မြင့်တက်တော့ ပို့ကုန်ဆန် ဈေးတက်တယ်။ အင်ဒိုနီးရှားက ဝယ်လိုအား ကောင်းနေတယ်" ဟု ဟိုချီမင်းစီးတီးမှ ဆန်ကုန်သည်တဦးက ရိုက်တာသတင်းထောက်ကို ပြောပြသည်။ အရှေ့အလယ်ပိုင်း‌ေဒသတွင် စစ်မက်ဖြစ်ပွားသည့်အပေါ် စိုးရိမ်မှုများကြောင့် စားနပ်ရိက္ခာသိုလှောင်မှု မြှင့်တင်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

၅% ဆန်ကွဲပါ ထိုင်းဆန် ဈေးကျသည်။ တစ်တန်လျှင် ခေါ်ဈေး ယခင်အပတ်က $575-$580 ရှိခဲ့ပြီး ယခုအပတ်တွင် $568-$570 သို့ ကျဆင်းလာသည်။
ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ဘတ်ဈေးကျသဖြင့် ပို့ကုန်ဆန် ‌ကန်ဒေါ်လာ ဈေးနှုန်း ကျဆင်းစေသည်။
အင်ဒိုနီူရှားက ထိုင်းဆန် ဝယ်ယူလျက်ရှိပြီး ခရစ်စမတ်မတိုင်ခင် အပြီးအပြတ် ပေးပုိ့ရမည်ဖြစ်သည်။

Source Reuters


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 28 October 2023 07:02
Rate this item
(0 votes)