Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယကို ပဲစတင်တင်ပို့နေပြီး ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ကောင်း

အိန္ဒိယနိုင်ငံကို ဇွန်လ (၁၂) ရက်နေ့ကစပြီး မတ်ပဲနဲ့ ပဲစင်းငုံတို့ကို စတင်တင်ပို့နေပြီး အရင်အပတ်က ကွန်တိန်နာ (၅) စီးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ အခုရက်ပိုင်းအတွင်း ကွန်တိန်နာ (၃၅)လုံးအထိ အရောင်းအဝယ်ဖြစ်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရပါတယ်။

 

အရောင်းအဝယ်ကောင်းမွန်ခြင်းအပြင် ဈေးနှုန်းမှာလည်း အရင်အပတ်ကထက် အနည်းငယ်မြင့်တက်လာပြီး မတ်ပဲတစ်တန်ကို အရင်ကထက် ငါးထောင်ခန့်နဲ့ ပဲစင်းငုံတစ်တန်ကို ငါးထောင်ခန့် မြင့်တက်လာကြောင်း သိရပါတယ်။

 

သို့ပေမယ့် ဆိပ်ကမ်းအရောက်ပဲဈေးနှုန်းများ (FOB) ကတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ (၁၀) ဒေါ်လာခန့်ကျဆင်းပြီး FOB ဈေးနဲ့ ပြည်တွင်းဈေးတို့မှာ အခုအပတ်အတွင်း အတက်အကျမငြိမ်သက်ကြောင်း ပဲကုန်သည်များက ပြောကြားခဲ့ပါတယ်။

 

Read More >>>  တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသောကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်လာ

 

လက်ရှိပဲဈေးကွက်အတွင်း မတ်ပဲ (FAQ) တစ်တန်ကို ကျပ် (၈၆၀,၀၀၀)၊ မတ်ပဲ (SQ) တစ်တန်ကို ကျပ် (၁,၀၂၅,၀၀၀)၊ ပဲစင်းငုံတစ်တန်ကို ကျပ် (၉၃၉,၀၀၀) ဈေးရှိပြီး FOB ဈေးမှာတော့ မတ်ပဲ (FAQ) တစ်တန်ကို အမေရိကန်ဒေါ်လာ (၅၄၀ - ၅၆၀)၊ မတ်ပဲ (SQ) တစ်တန်ကို အမေရိကန်ဒေါ်လာ (၆၈၀ - ၇၀၀)၊ ပဲစင်းငုံ တစ်တန်ကို အမေရိကန်ဒေါ်လာ (၇၀၀ - ၇၂၀) ဈေးရှိကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရပါတယ်။

 

Source: The Voice

Read times Last modified on Tuesday, 18 June 2019 08:20
Rate this item
(1 Vote)