Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များအား သင်္ဘောဖြင့် ပြည်ပသို့ တင်ပို့ခြင်းကြောင့် ပို့ဆောင်စရိတ်သက်သာနိုင်

ပြည်တွင်းမှ ထုတ်ကုန်များ ပြည်ပသို့ သင်္ဘောဖြင့်တင်ပို့ရာတွင် ပို့ဆောင်စရိတ်သက်သာသည့်အတွက်

လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ပြည်ပသို့ သင်္ဘောဖြင့် တင်ပို့သင့်ကြောင်း Tissue World Manufacturing & Trading Co., Ltd. ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရပါတယ်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့စရိတ်မှာ တခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့်သက်သာသည့်အတွက် ပြည်ပသို့ ပိုမိုတင်ပို့ပါက နိုင်ငံခြားဝင်ငွေပိုမိုရရှိနိုင်ပါတယ်။

 

“အဓိကကတော့ တခြားကုမဏီတွေလည်း Export လုပ်စေချင်တယ်။ သင်္ဘောတင်ခနှုန်းက မြန်မာနိုင်ငံက အရမ်းကို သက်သာတဲ့အတွက်ကြောင့် အဲဒါလေးက အားသာချက်ရှိပါတယ်။

 

တရုတ်နဲ့ ဈေးချင်းတူတယ်။ သင်္ဘောခ ထက်ဝက်နည်းတယ်။ အဲဒီအားသာချက်က အကြီးမားဆုံးအားသာချက်ဖြစ်ပါတယ်။

 

အဲဒီအားသာချက်က ကိုယ့်ပစ္စည်း သူများပစ္စည်းနဲ့ အရည်အသွေးတူတယ်၊ ဈေးတူတယ်ဆိုရင်တောင် သင်္ဘောခလျော့နည်းတဲ့အတွက် ကုန်ကျစရိတ်သက်သာလို့ Export များများလုပ်စေချင်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။

 

လက်ရှိတွင် Tissue World Manufacturing & Trading Co., Ltd. အနေဖြင့် ဂျပန်နှင့် တောင်အာဖရိကနိုင်ငံတို့သို့ ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ တခြားနိုင်ငံများနှင့် ဈေးပြိုင်နေရသည့်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကိုသာယူပြီး အမြတ်အနည်းဆုံးယူ၍ တင်ပို့နေကာ ကုန်ပစ္စည်းအပေါ်တွင် ဈေးနှုန်းသက်သာသည့်အပြင် တင်ပို့စရိတ်သင်္ဘောခမှာလည်း သက်သာသည့်အတွက် အားသာချက်များရှိနေကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:36
Rate this item
(0 votes)