Food & Livestock
ပြည်မြေပဲဆန် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိ
ပြည်မြေပဲဆန် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဒီဇင်ဘာလအတွင်း ဆောင်းမြေပဲများ နယ်စုံတွင်စတင်ထွက်ပေါ်နေသဖြင့် ပြည်စျေးကွက်ရှိ ပွဲရုံများသို့ လာရောက် ရောင်းချလျက်ရှိသည်။ နယ်စုံမှဝင်ရောက်လာသော မြေပဲဆန်များကို ပြည်စျေးကွက်မှ တစ်ဆင့် ဝယ်လက်များဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။
ယခုအပတ်တွင် ပြည်စျေးကွက်သို့ နယ်စုံမှ တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၄၀၀/၁၅၀၀ ခန့်ဝင်ရောက်ခဲ့ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မြေပဲဆန်လုံးဆန် (အနီ) ကို မန္တလေး ဝယ်လက်များအဝယ်ရှိပြီး ဆီစက်များက ဆီကြိတ်မြေပဲဆန်ကို ဝယ်ယူမှုရှိသဖြင့် တစ်နေ့လျှင် အိတ် ၁၀၀၀/၁၂၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခင်က မြေပဲဆန်လုံးဆန် (အဖြူ) ကိုမြဝတီသို့ တင်ပို့ရန် ဝယ်ယူမှုရှိပြီး ယခုအပတ်တွင် ဝယ်လက်ပျောက်သွားသဖြင့် စျေးအနည်းငယ်ကျဆင်းလာခဲ့သည်။
ယခုအပတ်မြေပဲဆန်စျေးများမှာ မြေပဲဆီဆန်တစ်ပိဿာလျှင် ကျပ် ၄၃၀၀၊ လုံးဆန် (အဖြူ) တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ဖြင့် ယခင်အပတ်ထက် တစ်ပိဿာလျှင် ကျပ် ၁၀၀ ခန့်စျေးကျလာခဲ့ပြီး မြေပဲဆန်လုံးဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ဖြင့် ဒေသတွင်း ပဲလှော်ဖိုသမားများနှင့် မန္တလေးဝယ်လက်သမားများ ဝယ်ယူမှုရှိသဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀၀ ခန့် စျေး
မြင့်၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
Source: The Mirror
Myanmar Food Industry Guide



