Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြေပဲဈေးမြင့်တက်လာမှုကြောင့် ဆီသန့်ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိလာနိုင်

အခုရက်ပိုင်းအတွင်း ဆီစက်လုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် အဓိကသုံးစွဲရတဲ့ မြေပဲဈေးနှုန်းမြင့်တက်လာမှုကြောင့် စားသုံးသူဘေးကင်းသော ဆီသန့်ထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိလာကြောင်း ဆီကုန်သည်ကြီးများရဲ့ ပြောပြချက်အရ သိရပါတယ်။

ဆီကုန်သည်တစ်ဦးက ''အဓိကကုန်ကြမ်းဖြစ်တဲ့ မြေပဲကို ပြည်ပကလည်းဝယ်ယူနေတော့ ကျွန်တော်တို့ ဆီစက်သမားတွေက သူတို့နဲ့အပြိုင် ဈေးပေးပြီး ဝယ်နေရတဲ့အခြေအနေဖြစ်နေတယ်။

 

ဒီလိုရေရှည်ဈေးမြင့်နေရင် စားသုံးသူအတွက် ဘေးကင်းတဲ့ ဆီသန့်ထုတ်လုပ်မှုတွေအပေါ် ထိခိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေက တွက်ခြေကိုက်အောင်လုပ်ကြမှာလေ။

 

ဒါကြောင့်လည်း ကျွန်တော်တို့သုံးနေရတဲ့ မြေပဲဈေးနဲ့ပတ်သက်ပြီး ဈေးတည်ငြိမ်မှုရအောင် အစိုးရအနေနဲ့ ထိန်းညှိပေးစေချင်ပါတယ်" လို့ ပြောပါတယ်။


ပြီးခဲ့တဲ့တစ်နှစ်က ဆီကြိတ်တဲ့ မြေပဲဈေးမှာ တစ်ပိဿာကို ကျပ် (၂၂၀၀) ဝန်းကျင်သာရှိပေမယ့်လည်း အခုအခါမှာတော့ တစ်ပိဿာကို ကျပ် (၃၀၀၀) ကျော်အထိ ဖြစ်လာကြောင်း၊ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ မြေပဲများကို အဝယ်လိုက်လာတဲ့အတွက် နယ်ဝယ်လက်များက အောက်ခြေအထိဆင်းပြီး ဈေးပေးဝယ်ယူမှုများကြောင့်လည်း ဆီကြိတ်မယ့်စက်ပိုင်များအနေနဲ့ ဈေးမြင့်မားမှုနဲ့ တွေ့ကြုံနေရကြောင်း သိရပါတယ်။

 


Read More >>>>>   နေ့ရက်တိုင်းအတွက် နက်စလေ ဝက်ဝံမော့မစ် အသင့်သောက်ဘူးသစ် မိတ်ဆက်

 

ဆီဈေးကွက်အတွင်း မြေပဲဆီတစ်ပိဿာကို အရင်က ကျပ် (၅၃၀၀) မှ (၅၅၀၀) ကြားသာရှိပေမယ့်လည်း အခုအခါ တစ်ပိဿာကို ကျပ် (၆၅၀၀) အထိမြင့်တက်လာပြီး ဆုံဆီတစ်ပိဿာကို ကျပ် ( ၈၀၀၀ ) အထိဖြစ်လာကြောင်း သိရပါတယ်။

 

Source: Myawady

Myanmar Food Industrial Directory

Read times
Rate this item
(0 votes)