Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်၊ ငါးတွဲဖက်မွေးမြူရေးစနစ်ကြောင့် စားသုံးသူထိခိုက်နိုင်မှုရှိ/မရှိ လေ့လာဆန်းစစ်ပေးရန်တင်ပြ

Unicode

ကြက်၊ ငါးတွဲဖက်မွေးမြူရေးစနစ်ကြောင့် စားသုံးသူထိခိုက်နိုင်မှုရှိ/မရှိ လေ့လာဆန်းစစ်ပေးရန်တင်ပြ


ကြက်၊ ငါး တွဲဖက်မွေးမြူရေးစနစ်ကြောင့် စားသုံးသူထိခိုက်နိုင်ခြင်းရှိ/မရှိ လေ့လာဆန်းစစ်ပေးရန် အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရပါတယ်။

 

ငါးမွေးမြူရေးကို အစာကျွေး၍ သီးခြားရပ်တည်လာနိုင်ရန် ငါးမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်း၊ မွေးမြူရေးစနစ်များ ပြောင်းလဲပေးခြင်း ဈေးကွက်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် ကြက်၊ ငါး တွဲဖက်မွေးမြူသည့် စနစ်ကို ပြောင်းလဲပေးရန် တင်ပြထားကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

 

ကြက်၊ ငါးတွဲဖက်မွေးမြူရေးစနစ်တွင် မွေးမြူထားသည့် ကြက်ကောင်ရေစုစုပေါင်း အသားစားကြက် ၁၃၅၀၀၀၀၊ ဥစားကြက် ၂၉၀၁၉၀၀၊ Semi Broiler ၁၄၆၅၅၀၀ ခန့် မွေးမြူထားပြီး စားသုံးသူများ၏ အသားဥလိုအပ်ချက်ကို သင့်တင့်သည့်ဈေးနှုန်းဖြင့် စားသုံးနိုင်ရန် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာကျော်ထင်က ပြောကြားသည်။

 

Read More >>>>>  ဝဥေျခာက္စက္႐ုံမွ ထြက္ရွိသည့္ ထုတ္ကုန္မ်ားကို တ႐ုတ္ႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔မည္

 

လက်ရှိ ကြက်၊ ငါး တွဲဖက်မွေးမြူရေးစနစ်ဖြင့် မွေးမြူလျက်ရှိသည့် မွေးမြူသူလုပ်ငန်းရှင်ဦးရေး ၂၁၁ ဦး၊  လုပ်ငန်းရှင်၏ လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းနှင့် အလုပ်သမား ၆၃၃၀ ဦး၊ ယင်းဝန်ထမ်း အလုပ်သမားများကို မှီခိုနေသည့် မိသားစု ၃၁၆၅၀ ဦး ခန့်မှန်းခြေ ၃၇၉၈၀ ဦးတို့၏ စားဝတ်နေရေးကို အထောက်အကူပြုလျက်ရှိကြောင်း ၎င်းကဆိုသည်။

 

ကြက်၊ ငါး မွေးမြူသည့် စနစ်ကို ပိတ်ပင်တားမြစ်မည်ဆိုပါက စားဝတ်နေရေးထိခိုက်မည့်အပြင် လုပ်ငန်းရှင်များ၏ အရင်းအနှီးများနှင့် မြေနေရာ အခက်အခဲများလည်း ဖြစ်လာမည်ဖြစ်ပြီး မွေးမြူသည့် ကောင်ရေမှာလည်း လျော့ပါးသွားနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

 

ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာငါးပြန်လည်တင်ပို့ခွင့်ရရှိရန်အတွက် ဆော်ဒီက လာရောက်စစ်ဆေးပါက ကြက်နှင့်ငါးတွဲဖက်မွေးမြူခြင်းကြောင့် ငါးတင်ပို့ခွင့်ကို ထိခိုက်မည်စိုးသောကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်အချို့က ကြက်၊ ငါး တွဲဖက်မွေးမြူခြင်းကို စိစစ်တားမြစ်ပေးရန် တင်ပြနေကြခြင်းဖြစ်သည်။

 

Source: The Voice

 

 

 

ၾကက္၊ ငါးတြဲဖက္ေမြးျမဴေရးစနစ္ေၾကာင့္ စားသံုးသူထိခိုက္ႏိုင္မႈရွိ/မရွိ ေလ့လာဆန္းစစ္ေပးရန္တင္ျပ

 

ၾကက္၊ ငါး တြဲဖက္ေမြးျမဴေရးစနစ္ေၾကာင့္ စားသံုးသူထိခိုက္ႏိုင္ျခင္းရွိ/မရွိ ေလ့လာဆန္းစစ္ေပးရန္ အစိုးရအဖြဲ ႔ထံ တင္ျပထားေၾကာင္း ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႔ခ်ဳပ္ထံမွ သိရပါတယ္။

 

ငါးေမြးျမဴေရးကို အစာေကြ်း၍ သီးျခားရပ္တည္လာႏိုင္ရန္ ငါးမ်ဳိးေကာင္းမ်ဳိးသန္႕မ်ား ထုတ္လုပ္ေပးျခင္း၊ ေမြးျမဴေရးစနစ္မ်ား ေျပာင္းလဲေပးျခင္း ေစ်းကြက္ရွာေဖြေပးျခင္းမ်ား ျပဳလုပ္ေပးျခင္းျဖင့္ ၾကက္၊ ငါး တြဲဖက္ေမြးျမဴသည့္ စနစ္ကို ေျပာင္းလဲေပးရန္ တင္ျပထားေၾကာင္း ယင္းအဖြဲ႔ခ်ဳပ္ထံမွ သိရသည္။

 

ၾကက္၊ ငါးတြဲဖက္ေမြးျမဴေရးစနစ္တြင္ ေမြးျမဴထားသည့္ ၾကက္ေကာင္ေရစုစုေပါင္း အသားစားၾကက္ ၁၃၅၀၀၀၀၊ ဥစားၾကက္ ၂၉၀၁၉၀၀၊ Semi Broiler ၁၄၆၅၅၀၀ ခန္႕ ေမြးျမဴထားၿပီး စားသံုးသူမ်ား၏ အသားဥလိုအပ္ခ်က္ကို သင့္တင့္သည့္ေစ်းႏႈန္းျဖင့္ စားသံုးႏိုင္ရန္ ထုတ္လုပ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႔ခ်ဳပ္ ဒုတိယဥကၠ႒ေဒါက္တာေက်ာ္ထင္က ေျပာၾကားသည္။

 

Read More >>>>>  ဝဥေျခာက္စက္႐ုံမွ ထြက္ရွိသည့္ ထုတ္ကုန္မ်ားကို တ႐ုတ္ႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔မည္

 

လက္ရွိ ၾကက္၊ ငါး တြဲဖက္ေမြးျမဴေရးစနစ္ျဖင့္ ေမြးျမဴလ်က္ရွိသည့္ ေမြးျမဴသူလုပ္ငန္းရွင္ဦးေရး ၂၁၁ ဦး၊  လုပ္ငန္းရွင္၏ လုပ္ငန္းတြင္ လုပ္ကိုင္ေနသည့္ ဝန္ထမ္းႏွင့္ အလုပ္သမား ၆၃၃၀ ဦး၊ ယင္းဝန္ထမ္း အလုပ္သမားမ်ားကို မွီခိုေနသည့္ မိသားစု ၃၁၆၅၀ ဦး ခန္႕မွန္းေျခ ၃၇၉၈၀ ဦးတို႕၏ စားဝတ္ေနေရးကို အေထာက္အကူျပဳလ်က္ရွိေၾကာင္း ၎ကဆိုသည္။

 

ၾကက္၊ ငါး ေမြးျမဴသည့္ စနစ္ကို ပိတ္ပင္တားျမစ္မည္ဆိုပါက စားဝတ္ေနေရးထိခိုက္မည့္အျပင္ လုပ္ငန္းရွင္မ်ား၏ အရင္းအႏွီးမ်ားႏွင့္ ေျမေနရာ အခက္အခဲမ်ားလည္း ျဖစ္လာမည္ျဖစ္ၿပီး ေမြးျမဴသည့္ ေကာင္ေရမွာလည္း ေလ်ာ့ပါးသြားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႔ခ်ဳပ္ထံမွ သိရသည္။

 

ေဆာ္ဒီအာေရဗ်ႏို္င္ငံသို႕ ျမန္မာငါးျပန္လည္တင္ပို႕ခြင့္ရရွိရန္အတြက္ ေဆာ္ဒီက လာေရာက္စစ္ေဆးပါက ၾကက္ႏွင့္ငါးတြဲဖက္ေမြးျမဴျခင္းေၾကာင့္ ငါးတင္ပို႕ခြင့္ကို ထိခိုက္မည္စိုးေသာေၾကာင့္ ငါးေမြးျမဴေရးလုပ္ငန္းရွင္အခ်ဳိ႕က ၾကက္၊ ငါး တြဲဖက္ေမြးျမဴျခင္းကို စိစစ္တားျမစ္ေပးရန္ တင္ျပေနၾကျခင္းျဖစ္သည္။

 

Source: The Voice

Read times Last modified on Tuesday, 04 February 2020 11:34
Rate this item
(0 votes)