Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်မြို့ ငါးဈေးကွက်သို့ ငါးကုန်ကြမ်းပုံမှန်ဝင်ရောက်နေသော်လည်း ပြည်တွင်းဝယ်လိုအားကျဆင်းလျက်ရှိ

ရန်ကုန်မြို့ ငါးဈေးကါက်သို့ ငါးကုန်ကြမ်းများ ပုံမှန်ဝင်ရောက်နေသော်လည်း စားသုံးသူဝယ်လိုအား ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်မျးအသင်း

တွဲဖက်စာရင်းစစ်ထံမှ သိရပါတယ်။

 

ရန်ကုန်မြို့တွင် အဓိက ဖြန့်ဖြူးနေသည့် ကြည့်မြင်တိုင်ငါးဈေးနှင့် ရွှေပိတောက်ငါးဈေးသို့ ပုံမှန်ငါးတင်ပို့နေသော်လည်း ပြည်တွင်းဝယ်လိုအား ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။

 

ရန်ကုန်မြို့တွင် အဓိက ဖြန့်ဖြူးနေသည့် ကြည့်မြင်တိုင်ငါးဈေးနှင့် ရွှေပိတောက်ငါးဈေးသို့ ပုံမှန်ငါးတင်ပို့နေသော်လည်း ပြည်တွင်း ၀ယ်လိုအား ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။

 

ရန်ကုန်မှာ အဓိကဖြန့်ဖြူးနေတဲ့ ကြည့်မြင်တိုင်ငါးဈေးနဲ့ ရွှေပိတောက်ငါးဈေးကို ၀င်တဲ့အနေအထား ချင့်ချိန်ကြည့်မယ်ဆိုရင် ကုန်ဝင်များတယ်လို့ ပြောလို့မရဘူး။ ပုံမှန်အ၀င်ရှိတယ်။

 

သို့ပေမယ့် ပြည်တွင်းဝယ်လိုအားကျနေတယ်လို့ ငါးဒိုင်အဖွဲ့တွေရော တခြားစားသုံးသူအဖွဲ့တွေပါ အားလုံးက သုံးသပ်တယ်ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်မျးအသင်း တွဲဖက်စာရင်းစစ်ထံမှ သိရပါတယ်။

 

လက်ရှိတွင် ရန်ကုန်ငါးဈေးကွက်အတွင်း ရန်ကုန်တိုင်းဒေသကြီးမှ ငါးများနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ငါးများဝင်ရောက်လျက်ရှိပြီး ငါးမျိုးရင်းတချို့မှာလည်း ပျောက်ကွယ်လျက်ရှိရာ ငါးကြင်း၊ ငါးမြစ်ချင်းများကို မွေးမြူသူများထံမှ သိရပါတယ်။

 

လက်ရှိတွင် ငါးဈေးကွက်အတွင်းသို့ သတ်မှတ်စံချိန်မမီသည့် ငါးအမျိုးအစားများ ၀င်ရောက်လျက်ရှိပြီး ငါးဈေးနှုန်းအနေဖ်ြင့ ငါးမြစ်ချင်းဈေးနှုန်းမှာ 2kgF အရွယ် တစ်ပိဿာလျှင် ငွေကျပ် ၂၇၅၀ မှ ၂၈၀၀ ကြားရှိပြီး ငါးတန်ဈေးနှုန်းမှာ 1kgF အရွယ်တစ်ပိဿာလျင် ငွေကျပ် ၁၈၀၀ မှ ၁၉၀၀ ကြားရှိကာ 2kgF အရွယ်တစ်ပိဿာလျင် ငွေကျပ် ၂၀၀၀ မှ ၂၁၀၀ ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 13:30
Rate this item
(1 Vote)