Food & Livestock



ကမ္ဘာ့ဘဏ် နိုင်ငံတကာဆန်ဈေးနှုန်း ခန့်မှန်းချက် ထုတ်ပြန်

ကမ္ဘာ့ဘဏ် နိုင်ငံတကာဆန်ဈေးနှုန်း ခန့်မှန်းချက် ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့ဘဏ်က နိုင်ငံတကာဆန်ဈေးနှုန်း ယမန်နှစ်ထက်  ၁၇ ရာခိုင်နှုန်းတက်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။ 

၂၀၂၃ ခုနှစ်မှာ တစ်တန်လျှင် ကန်ဒေါ်လာ ၅၁၀ အထိ တက်လိမ့်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၄ ခုနှစ်မှာ တစ်တန်လျှင် ကန်ဒေါ်လာ ၄၉၀ သို့ လျော့ကျမည်ဟု ခန့်မှန်းပါသည်။

.

ဝါရှင်တန်တွင် ကြာသပတေးနေ့၌ ထုတ်ပြန်သည့် ၎င်း၏ နှစ်စဉ် Commodity Market Outlook တွင် ကမ္ဘာ့ဘဏ်က ယခုနှစ် ပထမသုံးလပတ်တွင် ဆန်ဈေးနှုန်းသည် ဝယ်လိုအား အားကောင်းနေခြင်းနှင့် ဆန်အထွက်နည်းခြင်းတို့ကြောင့် ယခုနှစ် ပထမသုံးလပတ်တွင် ၁၁ ရာခိုင်နှုန်း တက်လာသည်ဟု ဆိုသည်။

.

ဆန် ဝယ်လိုအား ကောင်းနေခြင်းသည် အာရှမှ ဆန်အများဆုံး တင်ပို့သည့် ၃ နိုင်ငံဖြစ်သော အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင် အမေရိကန် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက နိုင်ငံသုံးငွေ တန်ဖိုးကျခြင်း၊ အဓိက ပွဲတော်များ ကြုံကြိုက်ခြင်း၊ အရန်ဆန် သိုလှောင်မှုများ ပြန်လည်ဖြည့်တင်းခြင်းတို့ကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ ပြောကြားသည်။

.

အာရှမှ ဆန်ထုတ်လုပ်သည့် နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့တွင် ‌ပြည်တွင်းဈေးကွက်ထဲ ဆန်အဝင်နည်းခြင်းကို ကြုံတွေ့နေကြသည်။

.

နိုင်ငံတကာ ဆန်ဈေးနှုန်း - ထိုင်း ဆန်လုံးရှည် (ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ) ဈေးနှုန်းများအပေါ် အခြေခံထားသော ဈေးနှုန်းများသည် ပျမ်းမျှ တစ်တန်လျှင် ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၄၉၇၊  

၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၄၉၇၊ 

၂၀၂၂ ခုနှစ်တွင်  ကန်ဒေါ်လာ ၄၃၇ ရှိခဲ့သည်။

Source World Bank 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 01 May 2023 09:34
Rate this item
(0 votes)