Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲတီစိမ်း ရိတ်သိမ်းချိန် မိုးမိ၍ အရည်အသွေး ကျဆင်းကာ ဈေးအရနည်း

မြန်မာနိုင်ငံအတွင်း ပဲ စိုက်ရာဒေသအချို့တွင် မိုးရွာ သွန်းမှုများကြောင့် ရိတ်သိမ်းပြီးစ

ပဲသီးနှံများ မိုးမိပြီး ပဲတီစိမ်း အရည်အသွေး ကျဆင်းကာ ဈေးနှုန်း လျော့ကျခဲ့ကြောင်း မန္တလေးမြို့ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) ဒုဥက္ကဋ္ဌဦးညွန့်ဝေက ပြောသည်။

 

ရိတ်သိမ်းပြီးစ ပဲတီစိမ်းများ သည် မိုးရွာသွန်းမှုကြောင့် အ ရောင်ပြောင်းခြင်း၊ အရည်အသွေး ကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

 

‘‘အရင်ကအလုံးလည်း ကြီး တယ်၊ အရည်အသွေးလည်း ကောင်းတယ်၊ ဈေးလည်းကောင်း တယ်။ အခုက မိုးရွာတော့ ပဲကစို တယ်။ အရည်အသွေးကလည်းကျတော့ ဈေးကျတာပေါ့။ ပစ္စည်း ကောင်းက ဈေးမကျဘူး’’ ဟု ဦး ညွန့်ဝေက ပြောသည်။

 

ယခုလဆန်းက ပဲတီစိမ်းတစ်အိတ်လျှင်ကျပ် ၁၃၀,၀၀၀ ခန့်ဈေးရှိရာမှ ဇွန်လ ၁၇ ရက်တွင် ကျပ် ၁၁၄,၀၀၀ မှ ၁၀၅,၀၀၀ ထိ ဈေးကျဆင်းကြောင်း မန္တလေး ကုန်စည်ဒိုင် နေ့စဉ်ပေါက်ဈေး များတွင် ဖော်ပြထားသည်။

 

လက်ရှိတွင် မန္တလေးဈေး ကွက်သို့ စစ်ကိုင်း၊ မကွေးစသည့် ဒေသများမှ ထွက်ရှိသည့် ပဲတီ စိမ်းများ ဝင်ရောက်နေပြီး နေ ပြည်တော်ဒေသမှ ထွက်ရှိသော ပဲတီစိမ်းများ ဈေးကောင်းနေ ကြောင်း မန္တလေးကုန်စည်ဒိုင်ရှိ ပဲကုန်သည်များက ပြောသည်။

 

Source: 7 days new

Read 2514 times Last modified on Tuesday, 18 September 2018 13:12
Rate this item
(5 votes)