Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ် သကြားဈေးကွက်အေးကာ ယမန်နှစ် ကာလတူကထက် ဈေးနှုန်းကျဆင်း

ယခုနှစ်အတွင်း သကြားဈေးကွက်အေးကာ   ယမန်နှစ် ကာလတူကထက် ဈေးနှုန်း ကျဆင်းနေကြောင်း  မြန်မာနိုင်ငံ  ကြံနှင့် ကြံထွက်ပစ္စည်း  လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး၏ ပြောပြချက်အရ သိရသည်။

 

ယမန်နှစ်ကာလတူက သကြားတစ်ပိဿာလျှင်  ငွေကျပ်  ၁၂ဝဝ  ရှိရာမှ  ယခုအခါ သကြားတစ်ပိဿာလျှင်  ငွေကျပ်  ၁ဝဝဝ သာ ရှိကြောင်း သိရသည်။

 

ထိုသို့ကျဆင်းနေခြင်းမှာ    ပြည်တွင်း သကြားထုတ်လုပ်မှု တိုးတက်လာခြင်း၊ ယမန်နှစ်က  တင်သွင်းထားသည့် Re-export သကြားအားလုံး  ပြည်ပသို့  မတင်ပို့နိုင်ခြင်း၊  လုပ်ငန်းသုံး သကြားများရှိနေခြင်း၊ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုမှ သကြားတရားမဝင် ဝင်ရောက်နေခြင်းကြောင့် ရောင်းလိုအားများကာ ဈေးနှုန်း ကျဆင်းနေခြင်း ဖြစ်သည်။

 

''အဲဒီအချက်တွေကြောင့် သကြားတွေ စုပုံပြီး ဈေးကျလာတာပါ။ သကြားဈေးနှုန်း အလားအလာကတော့ လောလောဆယ် ဒီအတိုင်းပဲ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်'' ဟု ဦးဝင်းဌေး ကပြောသည်။

 

၂ဝ၁၈ ခုနှစ်က သကြားဈေး ကောင်းခဲ့သဖြင့် ကြံတိုးချဲ့စိုက်ပျိုးခဲ့ရာ အထွက်နှုန်း ကောင်းသည့်အပြင် ၂ဝ၁၈ ခုနှစ် သြဂုတ်လ အတွင်းကလည်း မြန်မာနိုင်ငံမှ  သကြား အဓိကတင်ပို့နေသည့် တရုတ်နိုင်ငံကလည်း သကြားတင်ပို့မှု ရပ်ဆိုင်းထားသောကြောင့် တရုတ်နိုင်ငံသို့  တင်ပို့မည့် သကြားများကို ပြည်တွင်း၌    ရောင်းချမှုများ ရှိနေသည့်အတွက် ပြည်တွင်း သကြားဈေးများ ကျဆင်း နေကြောင်း သိရသည်။

 

ပြည်ပမှ လုပ်ငန်းသုံးနှင့် ပြန်လည်တင်ပို့ကုန်အဖြစ် Re-export သကြားတင်သွင်းခွင့် ဟူ၍ လိုင်စင်နှစ်ခုဖြင့် တင်သွင်းခွင့်ပြုထားရာ ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် Re-export လိုင်စင်ဖြင့် သကြား တင်သွင်းခွင့်ကို ယခင်လများက ပိတ်ထားရာ လတ်တလောတွင် လုပ်ငန်းသုံးလိုင်စင်ဖြင့်  သကြားတင်သွင်းခွင့် ရှိကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Saturday, 23 March 2019 10:26
Rate this item
(1 Vote)