Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ တင်ပို့မှုကြောင့် ကဏန်းသားပေါက်များရှားပါးလာ

၁၀၀ ဂရမ်အောက် ကဏန်းပျော့များ ပြည်ပသို့တင်ပို့မှုကြောင့် ကဏန်းသားပေါက်များ ရှားပါးလာကြေင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောပြချက်အရ သိရပါတယ်။

 

"အခုနောက်ပိုင်း ကဏန်းပျော့သားပေါက်တွေ ရှားပါးလာတယ်။ ငါးလုပ်ငန်း ဦးစီးဌာနက ၁၀၀ ဂရမ်အောက်ကဏန်းတွေကို မဖမ်းရဆိုပြီး တားမြစ်ထားပေမယ့် ဒါကို လိုက်နာမှု အားနည်းနေတယ်။ ပြည်ပကိုတင်ပို့ရာမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်းမဟုတ်ဘဲ အကန့်အသတ်မရှိ ဖြေလျှော့ထားတာကြောင့် ကဏန်းအမာတင်ပို့ရမယ့်အစား ကဏန်းအကောင်ငယ်တွေကိုပါ မျိုးစုံတင်ပို့လာလို့ ကဏန်းပျော့မွေးမြူတဲ့ ကဏန်းသားပေါက်တွေ ရှားပါးလာတယ်" ဟု ဦးဝင်းကြိုင်က ပြောကြားခဲ့ပါတယ်။

 

၁၀၀ ဂရမ်အောက် ကဏန်းပျော့များ ပြည်ပသို့ ဆက်လက်တင်ပို့နေပါက ကဏန်းသားပေါက်များ ရှားပါးလာကာ ကဏန်းထုတ်လုပ်သည့်လုပ်ငန်းများ လျော့နည်းလာနိုင်သဖြင့် ၁၀၀  ဂရမ်အောက် ကဏန်းပျော့များ ပြည်ပတင်ပို့မှုရပ်ဆိုင်းရေး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်း သိရပါတယ်။

 

"ဂဏန်းက အခြားမွေးမြူရေးထုတ်ကုန်တွေလို ပေါပေါများများ ရှိတာမဟုတ်ဘူး။ မျိုးဖောက်ရတာလည်း ခက်ခဲတယ်။ သဘာဝကဏန်းဆိုရင် လုပ်ရကိုင်ရတာ ပိုပြီးခက်တယ်။ ကဏန်းငယ်တွေကို စနစ်တကျနဲ့ တင်ပို့ဖို့လိုတယ်" ဟု မန္တလေးမြို့ ရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးသာထက်စိုး၏ ပြောကြားချက်အရ သိရပါတယ်။

 

Read More >>>>>   တရုတ်နိုင်ငံ တင်ပို့နေတဲ့ ငရုတ်စို ဈေးနှုန်းများ ကျဆင်း

 

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ နယ်တွင် ကဏန်းပျော့မွေးမြူသားဖောက်သည့်လုပ်ငန်းကို နိုင်ငံတကာပညာရှင်များအား ခေါ်ယူကာစမ်းသပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။

 

#Myanmar Food Industry Dirctory (WWH)

Read times
Rate this item
(0 votes)