Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အွန်လိုင်းမှ ဈေးရောင်းသူများနှင့် စားသုံးသူများအကြား အငြင်းပွားမှု မြင့်မားလာဟုဆို

အွန်လိုင်းအခြေပြုဈေး ရောင်းချမှုများနှင့် စားသုံးသူများ  အကြား အငြင်းပွားမှု အရေအ တွက်မြင့်မားနေပြီးအချို့ အငြင်း ပွားမှုများကို

ကြားဝင်ဖြေရှင်းပေးရန်ခက်ခဲကြောင်း စားသုံးသူရေးရာဦးစီးဌာန (ရန်ကုန်) ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။


အွန်လိုင်းမှ ကုန်ပစ္စည်းဝယ် ယူရာတွင် ကျေနပ်မှုမရှိသဖြင့်  တစ်လအတွင်းအရေအတွက် ၂၀ ခန့် လာရောက်တိုင်ကြားကြောင်း၊ တိုင်ကြားမှုအချို့ကို ထိပ်တိုက်တွေ့ဆုံ၍ ဖြေရှင်းပေးနိုင်သော်လည်းအချို့ကို ဖြေရှင်းမပေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။


‘‘ပြီးခဲ့တစ်ပတ်က Shop.com  ဆိုရင်သူကလာရှင်းတယ်။ ပိုးထည်ဆိုင်တစ်ခုဆိုရင်လာမရှင်းဘူး။ ဖုန်းပိတ်ထားတယ်။လိပ်စာ အတိုင်းရှာတော့လည်း မရှိဘူး။ ဒီတော့ သတိထားပါလို့ပဲပြောချင်တယ်’’ ဟု ဦးမြင့်ချိုကပြောသည်။


အွန်လိုင်းမှဈေးဝယ်မှုများ  နှင့်ပတ်သက်၍ တိုင်ကြားမှုများ တွင် ငွေလွှဲသော်လည်းပစ္စည်း မရောက်ခြင်း၊ ပစ္စည်းရောက် သော်လည်း ကြိုက်နှစ်သက်မှုမရှိ ခြင်းစသည်တို့ကို ဖြေရှင်းပေးနေ ရသည်ဟု စားသုံးသူရေးရာဦးစီး ဌာနကထုတ်ပြန်သည်။


စားသုံးသူရေးရာဦးစီးဌာန  သည် အွန်လိုင်းကုန်ပစ္စည်းအ ရောင်းအ၀ယ်နှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်နှင့် ၀က်ဘ်ဆိုက်နှစ်ခု  စလုံး၌ တာဝန်ခံမှု၊တာဝန်ယူမှုရှိ သောအွန်လိုင်းအရောင်းဆိုင်များ ကိုသာရွေးချယ်ဝယ်ယူရန် စက် တင်ဘာ ၁၈ ရက်တွင်တိုက်တွန်း ခဲ့သည်။


အထူးသဖြင့် မြန်မာနိုင်ငံ တွင်မှတ်ပုံတင်ထားသည့် ၀က်ဘ် ဆိုက်လိပ်စာများကို ရွေးချယ် ၀ယ်ယူသင့်သည်ဟု အကြံပြုထား သည်။ မြန်မာနိုင်ငံတွင် မှတ်ပုံ တင်ထားသည့် ၀က်ဘ်ဆိုက်လိပ် စာဆိုသည်မှာ.com.mmနှင့် ဆုံး သည့်ဝက်ဘ်ဆိုက်များကို ဆိုလို သည်။


Zawgyi Mart ၏စစ်တမ်း အရမြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် အသုံးပြု၍ ကုန်ပစ္စည်းရောင်းချ သူ ၃,၀၀၀ ကျော်ရှိသော်လည်း ၀က်ဘ်ဆိုက် တည်ထောင်၍စနစ်တကျ e-Commerce လုပ်ကိုင်နေသူ ၁၀ ဦးထက်ပင်နည်းနေခဲ့သည်။  အွန်လိုင်းခြေပြုကုန်ပစ္စည်း  ရောင်းချမှုအခြေအနေတွင် e- Commerce ပလက်ဖောင်းပေါ်မှ  ရောင်းချနိုင်မှုသည် ၁၀ ရာခိုင် နှုန်းပင်မပြည့်သော်လည်း ဖေ့စ် ဘွတ်ခ်ပေါ်မှကုန်ပစ္စည်းရောင်းချ မှုအခြေအနေသည် ၉၀ ရာခိုင်နှုန်း နှင့်အထက်ရှိနေသည်ဟု စစ် တမ်းကဆိုသည်။


အွန်လိုင်းပေါ်၌ ပုံမှန် ရောင်းချသည့် အ၀တ်အထည်နှင့် စက်ပစ္စည်းများတွင် အရည်အ သွေးကွာဟမှုသည် အန္တရာယ်အ ဆင့်မဟုတ်သော်လည်း  စား သောက်ကုန်၊ အလှကုန်နှင့်ဆေး ၀ါးတို့ကိုအရည်အသွေးစစ်ဆေး ထားခြင်းမရှိဘဲ စားသုံးသူထံအ ရောက်ပို့ဆောင်ခြင်းသည် ပြဿ နာကြီးမားသည်ဟု Rocket အွန် လိုင်းစတိုးမှ ကိုအောင်ထွန်းမြတ် ကပြောသည်။


Source: 7 days new

Read times
Rate this item
(1 Vote)