Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိုးဆေးပါသော မျှစ်ဆိုင် ၅ ဆိုင် ယာယီပိတ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဈေးချိုတော်တွင် စားသုံးရန်မသင့်တဲ့ ဆိုးဆေးပါဝင်သည့်

မျှစ်တွေရောင်းချတဲ့ ဈေးဆိုင် ငါးဆိုင်ကို ယာယီပိတ်သိမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။

ဈေးချိုတော်တွင် ရောင်းချသည့် စားသောက်ဆိုင် ဈေးဆိုင် ၁၁ ဆိုင်ကို စစ်ဆေးရာတွင်လည်း စားသုံးရန် မသင့်တဲ့ ဆိုးဆေးတွေပါဝင်တာ စစ်ဆေးတွေ့ရှိရကြောင်း သိရပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်က ပြီးခဲ့တဲ့လက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (မန္တလေး) နဲ့ စည်ပင်ပူးပေါင်းပြီး ဆောင်ရွက်ကြောင်း သိရပါတယ်။

ယင်း ၁၀ ဆိုင်၏ စားသောက်ကုန် ၁၉ မျိုးသည် အများပြည်သူ စားသုံးရန် မသင့်တဲ့ ဆိုးဆေးတွေ ပါဝင်နေကြောင်း သိရပါတယ်။

ဒုတိယအကြိမ် စစ်ဆေးတွေ့ရှိခဲ့တဲ့ဆိုင် ၄ ဆိုင်ကို နှစ်ပတ်ဆိုင်ပိတ်သိမ်းဖို့နှင့် တတိယအကြိမ် စစ်ဆေးတွေ့ရှိတဲ့ ဆိုင် ၁ ဆိုင်ကို သုံးပတ်ကြာ ဆိုင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source: Kumudra

Read times Last modified on Wednesday, 19 September 2018 13:47
Rate this item
(1 Vote)